ဖီးနပ် နတ်သမီး
"ဖီးနပ်"နတ်သမီးဆိုတာ လူသားပါ.. ဖီးနပ်နတ်သမီးကြောင့် ဂရိပြည်ကြီး ကပ်ဘေးက လွန်မြောက် ခဲ့ရတယ် လို့ ဂရိတွေတော်များများ ယုံကြည်ကြတယ်.. အခုထိယုံကြည်မူတွေရှိသေးတယ်.. ဒဏ္ဏာရီသဖွယ်၊ ပုံပြင်သဖွယ်ပြောနေကျတာ အခုထိပါပဲ...ဖီးနပ် နတ်သမီး. သူမရဲ့အကြောင်း သိထား ကြားဖူးထားသလောက်ကတော့ ...
ဂရိတိုင်းပြည်တစ်ခုလုံး ရာသီဥတု ကပ်ဘေးကျနေချိန်မှာ သီးနှံတွေပျက် တခြားကုန်နေရေနေ သတ္တဝါတွေသေ... လူတွေလည်း အငတ်ဘေးအမျိုးမျိုးနဲ့ ရောဂါဘယတွေခံစားနေရချိန်ပေါ့...
အဲ့အချိန်မှာ ဖီးနပ်ဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ သူချစ်တဲ့ဂရိနိုင်ငံကြီးကို ပြန်လည်စိုပြေစေချင်တယ်... သူလည်း ဘာမှမတက်နိုင်.. .ငိုကြွေးပြီး ဆုတောင်းတယ်.. .နေ့တိုင်းပေါ့... တစ်နေ့ရေကန်အနားမှာ ငိုကြွေးနေတုန်း နတ်တစ်ပါးရဲ့အသံကိုကြားရတယ်... ဘာကြားလဲဆိုတော့
ဖီးနပ် မင်း ဘာအလိုရှိလဲပေါ့...
ဖီးနပ်ကလည်း သူ့တိုင်းပြည် ကပ်ဘေးကလွန်မြောက်ဖို့ပြောတယ်...
နတ်တစ်ပါးကပြောတယ်... မင်းဖြစ်ချင်တာဖြစ်လိမ့်မယ်..
ဒါပေမယ့် မင်းကို ဘယ်သူမှကျေးဇူးမတင်ဘဲ မင်းကို သတ်လိမ့်မယ်... မင်းအသက်နဲ့လဲဝံ့ သလားပေါ့...
ဒီအခါမှာ ဖီးနပ်က ၀မ်းသာအားရနဲ့ လဲဝံ့ကြောင်းပြန်ပြောတယ်...
နတ်သားကလည်း မင်းရဲ့ဖြူစင်မူမှန်ရင် ဆုတောင်းပြည့်ပါစေ... မင်းရဲ့လက်နဲ့အခုမြေကြီးကိုထိလိုက်ပါ.. အရင်လို မင်းတိုင်းပြည်စိုပြေလာပါလိမ့်မယ်ဆိုပြီး ပျောက်သွားတယ်...
ဖီးနပ် ကလည်း ချက်ချင်းပဲ သူရဲ့လက်နဲ့ မြေကြီးကို ထိလိုက်တယ်...ဂရိတစ်ပြည်လုံး ချက်ချင်းဆိုသလို စိမ်းလန်းစိုပြေ သစ်သီးတွေသီး ပန်းတွေပွင့် လှပသွားတယ်...
ဒီအချိန်မှာ ဖီးနပ်ကို နတ်ဆရာတွေတွေ့သွားတယ်..
နတ်ဆရာတွေကလည်း ဒီအမျိုးသမီးအစွမ်းကို ဘုရင်သိသွားရင် ငါတို့ နတ်ဆရာ ရာထူးပြုတ်ပြီဆိုပြီး.. စိုးရိမ်အသိညဏ်မဲ့စွာနဲ့ လှည့်ကွက်တွေ ကြံစည်ပြီး ဖီးနပ်ကို ချက်ချင်း ဖမ်းဆီးကာ ဘုရင့်ရဲတိုက်ကို ခေါ်သွားတယ်...
ဟိုရောက်တော့ ဖီးနပ်ဟာ စုန်းကဝေဖြစ်ကြောင်း၊ တစ်နေ့မှာ ထီးနန်းကို သူ့ပညာနဲ့ ထိပါးလာနိုင်ကြောင်း၊ သူ့ကို သတ်ပစ်သင့်ကြောင်း လျောက်တင်ကြတယ်...
ဘုရင်ကလည်း ထိတ်လန့်ပြီး ချက်ခြင်းသတ်ဖို့ အမိန့်ပေးလိုက်တယ်...
တိုင်းသူပြည်သားအချို့ကလည်း စုန်းမအဖြစ် အထင်လွဲပြီး ၀ိုင်းသြဘာပေးကြတယ်..
တကယ်တော့ နတ်ဆရာတချို့ရဲ့လှည့်ကွက်နဲ့ ဘုရင့်ရဲ့အာဏာရူးမူကို မသိကြတာပေါ့လေ..
ဖီးနပ်ကို မြို့လည်ခေါင်မှာ သတ်တယ်...
ဖီးနပ်သေတဲ့ အချိန်မှာ ချက်ခြင်း မီးပြာကျပြီး ပျောက်သွားတယ်...
အဲ့ဒီအချိန်မှာ ဂရိတိုင်းသူပြည်သား အားလုံးဟာ ဖီးနပ်ကြောင့် ရလာတဲ့ အသီးနှံ အခြားသောအရာမျိုးစုံး စားသောက်မိပြီးသားဆိုတော့ ရင်ထဲမှာ ၀မ်းနည်းမူလိုလို အေးချမ်းမူလိုလိုနဲ့ချက်ခြင်း ခံစားကြရတော့ တာပါပဲ. ..
ဖီးနပ် နတ်သမီးအဖြစ်နဲ့ ထင်ရှားပြမှ လူတွေအားလုံးဟာ အရမ်းသနားမိတယ်... ၀မ်းနည်းကျတယ်. .နောင်တရကျတယ်...သူ့ကြောင့် တိုင်းပြည်ကပ်ဘေးက လွတ်ခဲ့တာ သိခဲ့ကြတယ်


0 မှတ်ချက်များ for "ဖီးနပ် နတ်သမီး"