MH370နှင့်ပတ်သက်ပြီး တိကျမှန်ကန်တဲ့သတင်း ပြောပြ မည့်သူကို အမေရိကန်ဒေါ်လာ (၅)သန်း ချီမြှင့်မည်ဟု မိသားစုဝင်တွေပြောကြား

ပျောက်ဆုံးနေသည့် MH370 လေယာဉ်နှင့် ပတ်သက်ပြီး သတင်းတိကျမှန်ကန် ပေးနိုင်သူကို ဆုငွေဒေါ်လာ (၅) သန်း ချီးမြှင့်နိုင်ရန် လေယာဉ်ပေါ် ပါသွားသူတို့၏ ကျန်ရစ်သူ မိသားစုများက ကြိုးပမ်းနေပါတယ်။ 

တစ်နေရာရာက တစ်ယောက်ယောက်ဟာ တစ်ခုခုကို သိထားမယ်လို့ ကျနော်တို့က ယုံကြည်နေ တုန်းပါပဲ။ ခုလို ဆုငွေပမာဏမျိုးဟာ အဲဒီလိုတစ်ခုခု သိထားတဲ့ အမျိုး သားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ရှေ့ထွက်လာပြီး သူသိထားတဲ့ သတင်းအချက်အလက်ကို ထုတ်ပြော
စေမယ်လို့ လည်း မျှော်လင့်ကြောင်း ဆုငွေစုဆောင်းနေသည့် ပရောဂျက်ကို ဦးဆောင်သော အီသန်ဟန့် က ပြောကြားခဲ့ပါတယ်။ 

ဒီကမ်းလှမ်းမှုဟာ လေယာဉ်နဲ့ ပတ်သက်ပြီး ရထားသမျှ သတင်းအချက်အလက်တွေကို ထုတ်ပြောလာ ကြစေဖို့ ဖြစ်တယ်လို့  လေယာဉ်ပေါ်လိုက်ပါသွားသူတစ်ဦး၏ မိသားစုဝင်တစ်ဦးကလည်း ပြောပါတယ်။

MH370 လေယာဉ်သည် မတ် (၈) ရက်က မလေးရှားမှ တရုတ်သို့ ဦးတည်ပျံသန်းရင်း ပျောက်ဆုံးသွားခြင်း
ဖြစ်ပြီး ဂြိုဟ်တု ထောက်လှမ်းမှု အချက်အလက်များနှင့် အခြားသော သဲလွန်စများကို အခြေခံကာ လေယာဉ် အနေဖြင့် အိန္ဒိယသမုဒ္ဒရာဘက် ဦးလှည့်ပျံသန်းပြီး ပျက်ကျသွားခြင်းဟု ကျွမ်းကျင်သူများက ယူဆနေသော် လည်း ကာလရှည်ကြာ ဖြန့်ကျက်ရှာဖွေနေသူတို့က ခိုင်မာတိကျသော အထောက်အထားမျိုး မပြသနိုင် သလို လေယာဉ်အပျက်အစီးများကို မတွေ့ရှိခဲ့သည့်အတွက် လေယာဉ်ပေါ် ပါသွားသူများ၏ မိသားစုဝင် အချို့တို့က Reward MH370 ဆိုသော လှုပ်ရှားမှု အစီအစဉ်ကို ရန်ပုံငွေ မြှင့်တင် ထူထောင်ရေး ဝက်ဘ်ဆိုက် Indiegogoနှင့် ပူးပေါင်း အကောင်အထည်ဖော်ရန် ပြင်ဆင်နေရခြင်း ဖြစ်ပါတယ်။

မလေးရှား လေကြောင်းလိုင်းပိုင် MH370 လေယာဉ်ဟာ လွန်ခဲ့သော (၃)လကျော်က လူပေါင်း(၂၃၉)ဦးကို တင်ဆောင်ပျံသန်းရင်း အဆက်အသွယ်ပြတ်တောက် ပျောက်ကွယ်သွားခြင်း ဖြစ်ပါတယ်။ ___Ref: Guardian

0 မှတ်ချက်များ for "MH370နှင့်ပတ်သက်ပြီး တိကျမှန်ကန်တဲ့သတင်း ပြောပြ မည့်သူကို အမေရိကန်ဒေါ်လာ (၅)သန်း ချီမြှင့်မည်ဟု မိသားစုဝင်တွေပြောကြား"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++