တောက်တဲ့ မွေးတဲ့ အင်ဒိုနိုင်ငံသူ
ခေါင်းစဉ် ဖတ်တာနဲ့တင် မဖြစ်နိုင်ဘူး ဆိုတဲ့အတွေး အရင်ဝင်ပါ လိမ့်မယ်။
သို့ပေမယ့် Metro.co.uk မှာ ဖော်ပြထားတဲ့ သတင်း တစ်ခု ဖြစ်ပါတယ်။
အင်ဒိုနီးရှား နိုင်ငံရှိ အမျိုးသမီးတစ်ဦးဟာ နေ့စေ့၊ လစေ့လို့ မွေးဖွားချိန်ရောက် တဲ့ အခါ လူကလေး မမွေးပဲ တောက်တဲ့ တစ်ကောင်ကို မွေးဖွား ပါတယ်။
ပုံမှာ မြင်တွေ့ နေရတာက မိခင်မဟုတ်ပါဘူး။ မွေး ဖွားပေးတဲ့ သားဖွား ဆရာမ ဖြစ်ပါတယ်။ သူမွေးဖွား
ပေးလိုက်ခဲ့ "တောက်တဲ့"ကိုလည်း ကိုင်ထားပါတယ်။ ကိုးလလွယ်ပြီး ဆယ်လဖွားချိန်တန်ပေမယ့် တကယ်တန်း ခွဲထုတ် မွေး လိုက်တာ "တောက်တဲ့"သာ ဖြစ် လို့ နေပါတယ်။
ပေးလိုက်ခဲ့ "တောက်တဲ့"ကိုလည်း ကိုင်ထားပါတယ်။ ကိုးလလွယ်ပြီး ဆယ်လဖွားချိန်တန်ပေမယ့် တကယ်တန်း ခွဲထုတ် မွေး လိုက်တာ "တောက်တဲ့"သာ ဖြစ် လို့ နေပါတယ်။
ဒါကို pseudocyesis လို့ခေါ် တဲ့ လေဖောင်းဖောင်းတဲ့ ကိုယ်ဝန် အမျိုးအစားလို့ ဆရာဝန်များက သတ်မှတ် ချင်နေပါတယ်။ သို့ပေမယ့် လေဖောင်းရုံ မက တောက်တဲ့ တစ်ကောင်ပါ ထွက်လာတယ် ဆိုတော့ ဆရာဝန်များ နဲ့ အခြား အာဏာပိုင်အဖွဲ့ အစည်းများက စုံစမ်းစစ်ဆေး နေဆဲ ဖြစ်ပါတယ်။
ဆေးပညာသမိုင်းတစ်လျှောက်အရ ဆိုရင်လည်း လူကနေအကောင်မွေးတာ ပထမဆုံးအကြိမ်သာ
ဖြစ်ကြောင်း ဆိုပါတယ်။
ဖြစ်ကြောင်း ဆိုပါတယ်။
မိခင်အမျိုးသမီးဟာ လူကလေး ၂ ဦး ရဲ့ မိခင်ပဲ ဖြစ်ပါတယ်။ ဒီတော့ အရင်တုန်းက ပုံမှန်ပဲ ဖြစ်တဲ့ အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။
ဒီတော့ စဉ်းစားစရာက အိပ်နေတုန်း တောက်တဲ့ပဲ ဝင်ဥ သွားသလား၊ အကောင်လိုက် ဝင်သွားသလား (ကန်တော့) ဆိုတာလေးပါပဲ။
နောက် တစ်ချက် အနေနဲ့ အောက်လမ်း ပညာ ယုံကြည်လက်ခံ ကြတဲ့ အင်ဒိုနီးရှားမှာ ယင်းဇနီးမောင်နှံဟာ နတ်ပူဇော်ပွဲ၊ စုန်းခေါ်ပွဲများလည်း ပြု လုပ်လေ့ ရှိကြောင်း ဆိုပါတယ်။
လက်ရှိ အချိန်ထိ ကတော့ လူကနေ တောက်တဲ့ မွေးမမွေးကို အငြင်းပွား စုံစမ်း စစ်ဆေး နေဆဲပါ။ Metro မှ သတင်းကို အောက်ပါ Link မှာ ဝင်ရောက် ဖတ်ရှု နိုင်ပါတယ်။


0 မှတ်ချက်များ for "တောက်တဲ့ မွေးတဲ့ အင်ဒိုနိုင်ငံသူ "