ဂရိအစိုးရ အဖွဲ့ကို ပြန်လည် ဖွဲ့စည်း

ဂရိအစိုးရက ဘဏ္ဍာရေးဝန်ကြီး (Yannis Stournaras) ယန်နီစတော့နာရတ်စ်နေရာကို အစားထိုးတဲ့ တာဝန်ပြောင်းလဲခန့်ထားမှုကို ဇွန်လ (၉)ရက်နေ့မှာ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ 

တက္ကသိုလ် ပါမောက္ခတစ်ဦးဖြစ်တဲ့ (Gikas Hardouvelis) ဂစ်ကာ့စ်ဟာ ဒိုဗီးလစ်စ်ကို ဘဏ္ဍာရေး ၀န်ကြီးအသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ 

ဟာဒိုဗီးလစ်စ်ဟာ Eurobank ရဲ့ စီးပွါးရေးပါရဂူ တစ်ဦးလည်းဖြစ်ပြီး ၀န်ကြီးချုပ်ဟောင်းနှစ်ဦးရဲ့ အကြံပေးပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့လက EU ရွေးကောက်ပွဲမှာ အစွန်းရောက်လက်ဝဲယိမ်း (Syriza) ဆီရီဇာ အနိုင်ရခဲ့ပြီးနောက် ကွန်ဆာဗေးတစ်ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရက EU ရွေးကောက်ပွဲရလဒ်ကို ဂရိနိုင်ငံက အလေးအနက် ထားကြောင်း ပြသတဲ့အနေနဲ့ ဟာဒိုဗီးလစ်စ်ကို ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခန့်ထားခဲ့တာ ဖြစ်ပါတယ်။

ကြွေးရှင်တွေ တောင်းဆိုတဲ့ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းကို ဂရိအစိုးရက ဆက်လက်သွားရောက်ဖို့ ရည်ရွယ်တယ်ဆိုတာကို ဟာဒိုဗီးလစ်စ်အားခန့်အပ်မှုက ထုတ်ဖော်ပြသနေတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

0 မှတ်ချက်များ for "ဂရိအစိုးရ အဖွဲ့ကို ပြန်လည် ဖွဲ့စည်း"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++