သိပ္ပံနှင့် အင်ဂျင်နီယာဘာသာရပ်ကို စိတ်ဝင်စားသူ ထူးချွန် မြန်မာကျောင်းသားများအတွက် Curtin University မှ ပညာသင်ဆုများပေးအပ်
Western Australia တွင် အကောင်းဆုံးဖြစ်သည့် Curtin University မှ သိပ္ပံနှင့်အင်ဂျင်နီယာဘွဲ့ ဒီဂရီများ၊ အင်ဂျင်နီယာ ဘွဲ့လွန်ဒီဂရီတန်း တက်ရောက်မည့် ထူးချွန်ကျောင်းသား/သူများ အတွက် ပညာသင်ဆုများ ပေးအပ်လျက်ရှိကြောင်း AT&S မှသိရပါသည်။
Curtin University သည် ကမ္ဘာထိပ်တန်း တက္ကသိုလ်များတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး သြစတြေးလျ တက္ကသိုလ်များထဲတွင် နိုင်ငံတကာ ကျောင်း သားတက်ရောက်မှုနူန်း တတိယအများဆုံး တက္ကသိုလ် တစ်ခုလည်းဖြစ်ပါသည်။
ထို့အပြင် သြစတြေးလျနိုင်ငံ Sydney နှင့် Perth မြို့များတွင်လည်းကောင်း၊ စင်ကာပူနှင့် မလေးရှားနိုင်ငံ များတွင် ကျောင်းခွဲများဖွင့်လှစ်ကာ နိုင်ငံတကာ ကျောင်းသားများကို ဘွဲ့ဒီဂရီနှင့် ဘွဲ့လွန်ဒီဂရီတန်းများ သင်ကြားပို့ချပေးလျက်ရှိသော ခိုင်မာသည့် တက္ကသိုလ်တစ်ခုဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ကျောင်းသားများအတွက် အင်ဂျင်နီယာဘာသာရပ်ပေါင်းများစွာကို ဘွဲ့ဒီဂရီတန်းအဖြစ် စိတ်ကြိုက် ရွေးချယ် တက်ရောက်နိုင်ရန် မြို့ပြ အင်ဂျင်နီယာဘာသာရပ်၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ ဘာသာရပ်၊ ဆက်သွယ်ရေးအင်ဂျင်နီယာဘာသာရပ်၊ စက်မှုအင်ဂျင်နီယာဘာသာရပ်၊ ရေနံ၊ သတ္တု အင်ဂျင်နီယာဘာသာရပ်များအပြင် သိပ္ပံနှင့်အင်ဂျင်နီယာဘာသာရပ်များ၊ သိပ္ပံဘာသာများ ပေါင်းများစွာကို တက်ရောက်ရယူနိုင်မည်ဖြစ်ပါသည်။
Curtin University တွင် မြန်မာနိုင်ငံမှ ကျောင်းသား/သူများအတွက်ရည်ရွယ်ပြီး ပညာသင်ဆုများပေးအပ် လျှက်ရှိရာ ဘွဲ့ဒီဂရီတန်းတက်ရောက်ရောက်မည့်သူများအတွက် ပထမနှစ်ကျောင်းလခများထဲမှ (၂၅)% ကို Curtin Innovative International Scholar အဖြစ်လျှောက်ထားနိုင်ပြီး ပညာသင်ကြားနေစဉ်ကာလအတွင်း ရမှတ်များကို ပျှမ်းမျှ (၇၅)% နှင့်အထက်ရရှိနေသော ကျောင်းသားများသည် ဘွဲ့ဒီဂရီရရှိသည်အထိ နှစ်စဉ် ပညာသင်ဆုရရှိနိုင်မည့် အခွင့်အရေးများလည်းရှိကြောင်း သိရပါသည်။
မြန်မာနိုင်ငံမှ လျှပ်စစ်အင်ဂျင်နီယာဘွဲ့ရကျောင်းသားများအတွက် ဘွဲ့လွန်ဒီဂရီတန်းအဖြစ် Electrical Engineering (သို့) Electrical Utility Engineering စသည့် အထူးပြုဘာသာရပ်များအတွက် ကျောင်းလခ ထဲမှ (၅၀)% ကို Merit Scholar အဖြစ် လျှောက်ထားနိုင်ကြောင်းလည်းသိရပါသည်။
ပညာသင်ဆုလျှောက်ထားလိုသူများသည် Curtin University ၏ တရားဝင် ကိုယ်စားပြု အတိုင်ပင်ခံဖြစ်သော AT&S တွင် ပညာရေးဆိုင်ရာအထောက်အထားများနှင့်အတူ လာရောက်လျှောက် ထားနိုင်ကြောင်း သိရပါသည်။
အသေးစိတ်သိရှိလိုပါက ဖုန်း( ၀၁-၆၅၂၂၈၈၊ ၀၉-၅၀၆၂၁၇၁၊ ၀၉-၅၁၂၄၇၆၁) တို့သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရပါသည်။


0 မှတ်ချက်များ for "သိပ္ပံနှင့် အင်ဂျင်နီယာဘာသာရပ်ကို စိတ်ဝင်စားသူ ထူးချွန် မြန်မာကျောင်းသားများအတွက် Curtin University မှ ပညာသင်ဆုများပေးအပ်"