အစိုးရလက်နက်ကိုင် တပ်ဖွဲ့ က တအန်း(ပလောင်) ရွာသားတွေကို ဖမ်းဆီးနှိပ်စက်
မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့ တပ်မ ၈၈ က နမ်းခမ်းမြို့နယ် နောင်အန်၊ ဖာလင်၊ ဆိုင်တောင်၊ မန်အောင်ရွာရှိ
ရွာသားတွေကို တအာန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA ) သူလျှိုဟု စွပ်စွဲပြီး
ဖမ်းဆီးနှိပ်စက်မှုများ ပြု လုပ်နေကြောင်း သိရသည်။
တပ်မ ၈၈ က တားအဂုတ်- မန်အောင်ရွာ၊ အသက် ၇၀ ကျော်၊ ကွန်းအိုက်ဆေ - မန်အောင်ရွာ၊ နမ်း ခမ်းမြို့နယ်၊ အောင်သန်း ၊ ဖာလင်ရွာ၊ နမ်းခမ်းမြို့နယ်၊ အိုက်လုံကျန်အေး၊ မန်ကန်ရွာ၊ နမ်းခမ်းမြို့နယ၊် အိုက်ညမ်းကား၊ ဆိုင်တောင်ရွာ၊ နမ်းခမ်းမြို့နယ်၊ ကွန်သောင်းသား အိုက်ငေး၊ ဆိုင်တောင်၊ နမ်းခမ်းမြို့နယ်၊ အိုက်နိုင်အောင်၊ ဆိုင်တောင်ရွာ၊ နမ်းခမ်းမြို့နယ်တို့ကို ဇွန်လ ၅ ရက်နေ့ ဖမ်းဆီးခံရပြီး အိုက်ယိုင်တုန်၊ မန်ကန်ရွာ၊ နမ်းခမ်းမြို့နယ်ကိုတော့ ဇွန်လ ၄ ရက် ကတည်းက ဖမ်းဆီးခံရခဲ့ကြောင်း ဒေသခံ တဦးက ပြောသည်။

ဖမ်းဆီးခံရတဲ့ ရွာသား ၈ ဦးရှိပြီး ညှင်းပမ်းနှိပ်စက်မှု အမျိုးမျိုးခံခဲ့ရကြောင်း၊ မန်အောင် ရွာသား အသက် ၇၀ ကျော် အရွယ်ရှိ တားအဂုတ်နှင့် ကွန်းအိုက်ဆေ တို့ ၂
ဦးတို့က ပြင်းထန်တဲ့ ဒဏ်ရာဒဏ်ချက်တွေ ရရှိခဲ့တဲ့အတွက် နေအိမ်တွင် ဆေးကုသမှုခံယူနေရကြောင်း၊ မန်ကန်ရွာသား အိုက်ယိုင်တုန်တို့ကိုတော့ လမ်းပြပေါ်တာအဖြစ် ဖမ်းဆီးပြီး ဖာလင်ရွာမှ နောင်အန်ရွာသို့ လိုက်ပို့ပေးရစဉ်
လမ်းတွင် ထိုးနှက် ကန်ကျောက်ခြင်းခံရသည်ဟုလည်း ဆိုသ ည်။
ကွတ်ခိုင်မြို့နယ် ကွတ်ခိုင်နှင့် တာမိုးညဲ အကြားမှာTNLA ဗျူဟာ အမှတ်(၅) နှင့်
MNDAA ကိုးကန့်တပ်ဖွဲ့ နှင့် ထိုးစစ်ဆင်လာတဲ့ အစိုးရလက်နက်ကိုင်တပ်ဖွဲ့ကြား ပြီးခဲ့တဲ့
ဇွန်လ ၄ ရက်နေ့ တိုက်ပွဲဖြစ်ပွားပြီး မြန်မာ အစိုးရလက်နက်ကိုင် တပ်ဖွဲ့ဘက်က တပ်ရင်းမှူး ဗိုလ်မှူးကျော်ထင်အောင် အပါအ၀င်း တပ်ဖွဲ့ဝင် အများ အပြား သေးဆုံးကြောင်း သိရသည်။
နမ်းခမ်းဒေသတွင် TNLA
တပ်ရင်း အမှတ် ၄၇၈နှင့် မကြာခဏ တိုက်ပွဲများဖြစ်ပွားပြီး မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့ ဘက် ထိခိုက်ဒဏ်ရာရရှိမှု များပြား လာနေသည့်အတွက် ၄င်းတို့သည် လယ်တောတွင်
အလုပ်လုပ်နေကြသည့် တအန်း လယ်သမားများ၊ တောထဲတွင် ကျွဲ၊ နွား ရှာထွတ်ကြသည့်
ရွာသားများကို ဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက်ခြင်း၊ ပေါ်တာအဖြစ်ဖ မ်းဆီးခေါ်ဆောင်ခြင်း ပြုလုပ်နေ သောကြောင့် ဒေသခံ များမှာ စိုးရိမ်ကြောက်ရွံ့နေရသည်ဟုလည်း သိရသည်။

0 မှတ်ချက်များ for "အစိုးရလက်နက်ကိုင် တပ်ဖွဲ့ က တအန်း(ပလောင်) ရွာသားတွေကို ဖမ်းဆီးနှိပ်စက်"