အစိုးရလက်နက်ကိုင် တပ်နှင့် တိုက်ပွဲဖြစ် KNU ၂ ဦးကျဆုံး
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်အတွင်းမှာ လှုပ်ရှား
နေတဲ့ အစိုးရ လက်နက်ကိုင်တပ် ၅၅၂ နဲ့ ကရင် အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်းအကြား တိုက်ပွဲ ဖြစ်ပွား ခဲ့ပြီး KNU ဘက်က ၂ ဦး ကျဆုံး ခဲ့ပါတယ်။
နေတဲ့ အစိုးရ လက်နက်ကိုင်တပ် ၅၅၂ နဲ့ ကရင် အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်းအကြား တိုက်ပွဲ ဖြစ်ပွား ခဲ့ပြီး KNU ဘက်က ၂ ဦး ကျဆုံး ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်နေ့
မနက်ပိုင်းက အစိုးရ စစ်တပ်က ခမရ ၅၅၂ တပ်ဟာ တနင်္သာရီ
မြို့နယ် မြောက်ဘက်မှာရှိတဲ့ KNU တပ်ရင်း ၁၁ အနီး လှုပ်ရှားသွားလာရင်း ပြောင်းဖူးချိုးပြန်လာတဲ့ KNU တပ်သားတွေကို စတင်ပစ်ခတ်တိုက်ခိုက်ခဲ့တယ် လို့ KNU ရဲ့ မြိတ်-ထားဝယ်ခရိုင် တွဲဘက် အတွင်းရေးမှူး ပဒိုစောအယ်နာ က ပြောပါတယ်။
မြို့နယ် မြောက်ဘက်မှာရှိတဲ့ KNU တပ်ရင်း ၁၁ အနီး လှုပ်ရှားသွားလာရင်း ပြောင်းဖူးချိုးပြန်လာတဲ့ KNU တပ်သားတွေကို စတင်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်
ဒီနောက် အစိုးရတပ်က အနီးမှာရှိတဲ့ စခန်းကို ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် KNU တပ်သား ၂ ဦး ကျဆုံးသလို သေနတ် ၂ လက်ကိုလည်း သိမ်းယူသွားခဲ့တယ်လို့ သူက ပြောပါတယ်။
KNU ရဲ့ မြိတ်၊ ထားဝယ်ခရိုင် တွဲဘက်အတွင်းရေးမှူး ပဒိုစောအယ်နာက
“ဗမာတပ်က KNU ထိန်းချုပ် နယ်မြေနားကို လှုပ်ရှားတယ်။ ကျနော်တို့
တပ်စခန်း တွေရှိမှန်း သူတို့ သိတယ်။ သူတို့ လှုပ်ရှားနေတဲ့ အချိန်ကလည်း
ကျနော်တို့ တပ်သားတွေ ပြောင်းဖူးသွားချိုး ပြန်လာ တယ်။ သေနတ်လွယ်ထားတဲ့အတွက်
သူတို့က တွေ့ပြီး ပစ်သတ်ပြီး သေနတ်ယူတယ်။ အဲဒီမှာ တယောက်ကို ပစ်သတ်ပြီးမှ
စခန်းထဲ ၀င်ပစ်တာ” လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး KNU ဘက်က တိုင်းမှူးဆီကို အကြောင်းကြား ကန့်ကွက်ထား ကြောင်းနဲ့ ဘယ်လို
ဖြေရှင်းမလဲဆိုတာကိုေ တာ့ အသေးစိတ်မသိရသေးကြောင်း ပြောပါတယ်၊
ဖြေရှင်းမလဲဆိုတာကိုေ
ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး လက်ရှိအစိုရနဲ့ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အ ပေါ် သက်ရောက်မှုရှိ/ မရှိ
ဆိုတဲ့အပေါ် KNU ရဲ့ အထွေထွေအတွင်းရးမှူးလည်းဖြစ် တနိုင်ငံလုံး
အပစ်အခတ်ရပ်ရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ)အဖွဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ ပဒိုကွယ် ထူးဝင်းက အခုလို ပြောပါတယ်။
“ကျနော်တို့ဘက်ကတော့ မဖြစ်သင့်တာ ဖြစ်တော့ မကောင်းဘူးပေါ့၊ ဒါပေမယ့် ဒေသခံတွေရဲ့ ကြေးနန်း အကြောင်းကြားချက်အရ
တဖက်က တိုင်းမှူးကိုလည်း အသိပေးအ ကြောင်းကြား ကန့်ကွက်စာတော့ ရေး ထားတယ်။
ဖြစ်ပျက်မှု ဖြစ်စဉ်ကိုကျတော့ သူတို့ သေချာ စုံစမ်းရဦးမှာပေါ့။
ငြိမ်းချမ်းရေးဖြစ်စဉ်က သွားနေ
တော့လည်း တိုက်ပွဲကလည်း တခါတ လေကျတော့ ရင်ဆိုင်တာ။ တခါလေ အသိပေး အကြောင်းကြားမှု မရှိဘဲ နဲ့
ဖြစ်တာတွေကျတော့ သူ့ဘက်က ကာကွယ်၊ ကိုယ့်ဘက်က ကာကွယ်နဲ့ ဖြစ် တာတော့
ရှိမှာပေါ။ ဒါက ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်တာလား၊ သို့မဟုတ်ရင် ကြုံလို့
တိုက်တာလား၊ မတော်တဆလား ဒါက ကျနော်တို့ စုံစမ်းရ မှာပေါ့နော်။”
တော့လည်း တိုက်ပွဲကလည်း တခါတ လေကျတော့ ရင်ဆိုင်တာ။ တခါလေ အသိပေး အကြောင်းကြားမှု မရှိဘဲ
အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် အစိုးရအဆက်ဆက်ကို နှစ်ပေါင်း ၆၀ ကျော် လက်နက် ကိုင်တော်လှန်တိုက်ခိုက်ခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့ဟာ ၂၀၁၂ ခုနှစ် ဆန်းမှာ အစိုးရနဲ့ အပစ်အခတ် ရပ်စဲခဲ့ပါတယ်။___ဒီဗွီဘီ


0 မှတ်ချက်များ for "အစိုးရလက်နက်ကိုင် တပ်နှင့် တိုက်ပွဲဖြစ် KNU ၂ ဦးကျဆုံး"