သီရိလင်္ကာမှာ ဗုဒ္ဓနဲ့ အစ္စလာမ်ကြေား ဘာသာရေး အဓိကရုဏ်း ဖြစ်ပွား

သီရိလင်္ကာနိုင်ငံ ကိုလံဘို မြို့တော် တောင်ဘက်က မိုင် ၄ဝ လောက်ဝေးတဲ့ Aluthgama နဲ့ Beruwala မြိုတွေ နားမှာ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ် ဘာသာဝင်တွေကြား ဘာသာရေး အဓိကရုဏ်း ဖြစ် ပွားပြီး လူတော်တော် များများ ထိခိုက်ဒဏ်ရာ ရရှိကြတယ်လို့ သိရပါတယ်။

သူတို့ကို မုန်းတီးရေး တိုက်ခိုက်မှု ရန်တွေကို ကာ ကွယ်ပေးဖို့  မွတ်ဆလင် ခေါင်းဆောင်တွေက သီရိလင်္ကာ သမ္မတ မဟင်ဒါ ရာဂျပက်ဆီကို အကူအညီ
တောင်းခဲ့တဲ့အပေါ်
သဘောထားတင်းမာတဲ့ ဗုဒ္ဓဘာသာအဖွဲ့ (ဘီဘီအက်) အဖွဲ့က ခေါင်းဆောင်ပြီး  ဇွန် ၁၅ ရက်နေ့ ဆင်ဟာလီ လူဦးရေများတဲ့ အလုဂါမာမြို့နဲ့ ဘီရုဝီလာ မြို့တွေမှာ ဆန္ဒပြပွဲအတွင်း ပဋိပက္ခ္ခ စတင်ဖြစ် ပွားခဲ့တာ ဖြစ်ပါတယ်။ 
အဲဒီဒေသမှာ အနည်းဆုံး မွတ်စလင် နေအိမ် ၇ လုံး မီးရှို့ခံရပြီး ဗုဒ္ဓဘာသာဝင်တွေက မွတ်ဆလင်တွေကို လိုက်ရှာပြီး ကားတွေပေါ်ကနေ ဆွဲချ ရိုက်နှက်တာတွေ လုပ်တယ်လို့ မျက်မြင် သက်သေတွေရဲ့ ပြောကြား
ချ က်ကို ကိုးကားပြီး ဘီဘီစီသတင်းစာမျက်က ဖော်ပြထားပါတယ်။

အဓိကရုဏ်းဖြစ်ပွားခဲ့မှုကြောင့် သီရိလင်္ကာအစိုးရက ညမထွက်ရ အမိန့် ကို နောက်ထပ် မြို့၂ မြို့  တိုးပြီး ထုတ်ပြန်ထားလိုက်ပါတယ်။

အရင်က ဒီလိုတိုက်ခိုက်မှုတွေ ဖြစ်ခဲ့ဖူးပြီး အစိုးရက ဘယ်သူကိုမှ အပြစ်ပေးအရေးယူ ဆောင်ရွက်မှု မလုပ်ခဲ့သည့်အတွက် ဒီအဓိကရုဏ်းရဲ့ နောက်ကွယ်မှာ အစိုးရ ရှိနေနိုင်တယ်လို့ ဝေဖန်သုံးသပ်တဲ့အပေါ် အစိုးရက ငြင်းဆို လိုက်ပါတယ်။





0 မှတ်ချက်များ for "သီရိလင်္ကာမှာ ဗုဒ္ဓနဲ့ အစ္စလာမ်ကြေား ဘာသာရေး အဓိကရုဏ်း ဖြစ်ပွား"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++