ကိုလံဘီယာ သမ္မတရွေးကောက်ပွဲ ကျင်းပ

ကိုလံဘီယာ ပြည်သူ ၃၂ သန်းတို့က တနင်္ဂနွေနေ့ မှာ  သမ္မတရွေးကောက်ပွဲ မဲတွေကို စတင်ပေးနေ ပါတယ်။ 

ဒီသမ္မတရွေးကောက်ပွဲဟာ လက်ဝဲယိမ်း သူပုန်တွေ နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုအပေါ် လူထုဆန္ဒ သဘော ထား ကောက်ယူမှု ဖြစ်လာနေပါတယ်။

လက်ရှိ သမ္မတ Juan Manuel Santos ကတော့ ဆယ်စုနှစ် ၅ ခုကြာ ဖြစ်ပွားနေတဲ့ FARC သူပုန်အဖွဲ့နဲ့ စစ်ပွဲတွေ အဆုံးသတ်စေမယ့် သဘောတူညီမှု ရဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။

သူ့ရဲ့ ပြိုင်ဘက် Oscar Ivan Zuluaga ကတော့ သူပုန်တို့နဲ့  ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှု အရှိန်နှေးနေ တယ်လို့ စိန်ခေါ်ပြောဆိုနေပြီး သမ္မတ မစ္စတာ Santos ဟာ ချုပ်ငြိမ်းနေပြီ ဖြစ်တဲ့ သူပုန်ထမှုကို ဗန်းပြနေ တာလို့လည်း စွပ်စွဲပြောဆိုပါတယ်။ 

အခု ရွေးကောက်ပွဲဟာ စစ်ပွဲကို အဆုံးသတ်ချင်သူတို့နဲ့ စစ်ကို အဆုံးမသတ်ချင် သူများကြားက ရွေးချယ်မှု ဆိုပြီး သမ္မတ Santos က ပြောခဲ့ပါတယ်။

ဒါပေမယ့် ပြည်သူတွေကတော့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ပွဲဦးထွက်ကို ကိုလံဘီယာက ဂရိကို အနိုင်ရ ခဲ့တာကြောင့် ဒီသမ္မတ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု အားနည်းနေပါတယ်။ 

ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ပထမအကျော့မှာတော့ မဲဆန္ဒနယ် ၅ ခုမှာ ဘဏ္ဍာရေး ၀န်ကြီးဟောင်း မစ္စတာ Zuluaga က ဆန္ဒမဲ ၂၉ ရာခိုင်နှုန်းနဲ့ အနိုင်ရနေပြီး လက်ရှိ သမ္မတ Santos ကတော့ ဆန္ဒမဲ ရလဒ် ၂၆ ရာခိုင်နှုန်းနဲ့ နောက်က လိုက်နေပါတယ်။ 


0 မှတ်ချက်များ for "ကိုလံဘီယာ သမ္မတရွေးကောက်ပွဲ ကျင်းပ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++