စစ်သွေးကြွတွေကို တိုက်ခိုက်ကြဖို့ လူတိုင်းမှာ တာဝန်ရှိတယ်လို့ အီရတ် ဘာသာရေး -ခေါင်းဆောင် ဆော်သြ

အီရတ်နိုင်ငံ၊ အီရတ်ပြည်သူတွေနဲ့ ဘာသာရေးအရ အထွဋ်အမြတ်ဖြစ်တဲ့ နေရာတွေကို ကာကွယ်ဖို့  စစ်သွေးကြွတွေကို တိုက်ခိုက်ဖို့ လူတိုင်းမှာ တာဝန် ရှိပြီး အကြမ်းဖက် သမားတွေကို ခုခံတိုက်ခိုက်ကြဖို့ ရှီရာမွတ်ဆလင် ခေါင်းဆောင်ကြီး  Ayatollah Ali al-Sistani တိုက်တွန်း လိုက်ပါတယ်။ 

Ayatollah Ali al-Sistani  ရဲ့ ဆော်သြမှုကြောင့်
အီရတ်နိုင်ငံ မြောက်ပိုင်းမြို့တွေကို သိမ်းပိုက်နေတဲ့ အစ္စလာမ် စစ်သွေးကြွတွေကို တိုက်ခိုက်ဖို့ အီရတ် လူငယ် ရာနဲ့ချီဟာ Baghdad မြို့တော်နဲ့ တခြားမြို့တွေက တပ်သား စုဆောင်းရေး စင်တာတွေမှာ သွားရောက် စာရင်းပေးနေကြပါတယ်။

အမေရိကန်ပြည်ထောင်စုကလည်း မြောက်အာရေဗျပင်လယ်မှာ ရှိနေတဲ့ USS George H.W. Bush စစ် သင်္ဘောကြီးကို ပင်လယ်ကွေ့ ကို စေလွှတ်ဖို့ ကာကွယ်ရေးဝန်ကြီး Chuck Hagel က စနေနေ့မှာ အမိန့်ပေး လိုက်တယ်လို့ Pentagon စစ်ဌာနချုပ် ပြောခွင့်ရသူ ရေတပ်ဗိုလ်ချုပ်ကြီး John Kirby က ပြောပါတယ်။
အမေရိကန်ပြည်သူတွေရဲ့ အသက်တွေ၊ အီရတ်မှာရှိတဲ့ အမေရိကန်နိုင်ငံသားတွေနဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့လိုအပ်လာရင် စစ်ရေးအရ နောက်ထပ် လုပ်သင့်တာရှိရင်လုပ်ဖို့ သမ္မတ အိုဘားမား ပြောထား တဲ့အတိုင်း ခုလို အမိန့်ပေးခဲ့တာလို့ Kerby ကပြောပါတယ်။

ပဲ့ထိန်း ဒုံးတပ်စစ်သင်္ဘောတစီးနဲ့ ပဲ့ထိန်းဒုံးခွင်း ဖျက်သင်္ဘောတစီးလည်း လေယာဉ်တင်သင်္ဘောနဲ့အတူ လိုက်ပါသွားမှာဖြစ်ပါတယ်။

0 မှတ်ချက်များ for "စစ်သွေးကြွတွေကို တိုက်ခိုက်ကြဖို့ လူတိုင်းမှာ တာဝန်ရှိတယ်လို့ အီရတ် ဘာသာရေး -ခေါင်းဆောင် ဆော်သြ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++