မူးယစ်ဆေးဝါး - ရောင်းဝယ်တဲ့ အစိုးရ ရဲဝန်ထမ်း ၂ဦးကို ကချင် -ပြည်သူတွေဖမ်းဆီး

ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကား တဲ့ အစိုးရ ရဲဝန်ထမ်းနှစ်ယောက်ကို ဇွန်လ ၂၁ ရက်နေ့ မူးယစ်ဆေးဝါးနဲ့ နာမည်ထွက်နေတဲ့ နေအိမ်၌ ကချင်ရပ်ရွာ က ဖွဲ့စည်းထားတဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။ 

ကချင်ပြည်နယ် ရဲတပ်ရင်း (၃၀)မှ တပ်သားတွေဖြစ်ပြီး ၎င်းတို့ နှစ်ယောက်ကို ကမန်ခိန်ဆရာ ကထောင်ကျေးရွာ ရှိ မူးယစ် နာမည်ကြီးနေနေတဲ့ အိမ်မှာ အခြားသာမန်
ပြည်သူ သုံးဦးနှင့်အတူ  ဇွန်လ ၂၁ ရက်နေ့မှာ ရပ်ရွာက ဖွဲ့စည်း ထားတဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှုမှာ ရဲဝန်ထမ်းတွေ များနှင့်ပူးပေါင်းလှုပ်ရှားနေတယ်ဆိုတာ သတင်းကြားနေရတာ တော်တော်ကြာနေပြီး။ သက်ဆိုင်ရာ သူတို့ ဌာနအကြီးအကဲတွေကိုလည်း သတင်းပေးခဲ့ပေမယ့် အရေးယူဆောင်ရွက်ပေးခဲ့မှု မရှိခဲ့ဘူး၊ အဲလို အရေးယူဆောင်ရွက်ပေးမှုမရှိတော့ ရပ်ရွာကနေ ဖွဲ့စည်းထားတဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ ကိုယ်တိုင်းသွားရောက်ဖမ်းဆီး ခဲ့ရခြင်းဖြစ်တယ်လို့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင်က နော်ဘရန်အောင်က ပြောသည်။

ဖမ်းဆီးရမိတဲ့ ရဲဝန်ထမ်း နှစ်ယောက်ကို နိုင်ငံတော် ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားဖို့ အစိုးရ ရဲတပ်ဖွဲ့ကို ပြန်လည်လွဲအပ်ပေးခဲ့ပြီး အရေးယူဆောင်ရွက်မှု မလုပ်လျှင် နောက်ဆို ပြန်လည်လွဲအပ်ပေးမှု လုပ်တော့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားနေတဲ့ ရဲဝန်ထမ်း နှစ်ယောက်ကို ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက ခုံရုံးတင် စစ်ဆေးအရေးယူနေပြီး  စစ်ဆေးချက်ကို နေပြည်တော် ပို့ထားကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါး သုံးစွဲသူများ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာနေပြီး အစိုးဌာန ဆိုင်ရာတွေကတော့ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှု မလုပ်ခဲ့သည့်အပြင် လစ်လျူးရှုးထားနေတဲ့ အတွက် ပြည်သူလူထုကိုယ်တိုင် စတင်လှုပ်ရှားလာရခြင်းဖြစ်ကြောင်း သိရသည်။ 

0 မှတ်ချက်များ for "မူးယစ်ဆေးဝါး - ရောင်းဝယ်တဲ့ အစိုးရ ရဲဝန်ထမ်း ၂ဦးကို ကချင် -ပြည်သူတွေဖမ်းဆီး"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++