ရှရှားက ယူကရိန်း ခွဲထွက်ရေးသမားတွေကို လက်နက်ခဲယမ်းများ ကူညီထောက်ပံ့ပေး
ရုရှားလိုလားတဲ့ ယူကရိန်းခွဲထွက်ရေးသမားတွေကို ရုရှားက တင့်ကားတွေနဲ့ လက်နက်ကြီးတွေ ကူညီ
ထောက်ပံ့ပေးနေတာနှင့်ပတ်သက်ပြီး မှန်ကန်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက အတည်ပြု ပြောကြားလိုက်ပါတယ်။
လွန်ခဲ့တဲ့သုံးရက်က ယူကရိန်းနယ်စပ် Snizhne မြို့အနီး နယ်စပ်မှာ T-64 တင့်ကားသုံးစင်း၊ ဒုံးလက်နက်တွေနဲ့ အခြားစစ်ဖက်ယာဉ်တွေ ပါဝင်တဲ့ ယာဉ်တန်းတွေ ရုရှားဖက်ကနေ ၀င်ရောက်လာတယ်၊ ဒါဟာ လက်ခံလို့ မရတဲ့လုပ်ရပ်တွေဖြစ်တယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Marie Harf က သော ကြာနေ့ မှာ ပြောပါတယ်။

နေတိုးအတွင်းရေးမှုးချုပ် Anders Fogh Rasmussen ကလည်း ဒီအခြေအနေဟာ ယူကရိန်းအရှေ့ခြမ်းက အကြပ်အတည်းကို ပိုပြီး ဆိုးဝါးစေတယ်လို့ ဆိုပါတယ်။
တင့်ကားတွေအပါအ၀င်
လက်နက်ကြီးတွေ ယူကရိန်းနိုင်ငံထဲ တင်ဆောင်လာတဲ့ ခွဲထွက်ရေးသမားတွေကို
ရုရှားဖက်က ခွင့်ပြုပေးခဲ့တဲ့အပေါ် ယူရိန်းပြည်ထဲရေးဝန်ကြီးက
ပြစ်တင်ရှုတ်ချပြီး နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေကို လက်မခံနိုင်ဘူးလို့ ယူကရိန်းသမတ Petro Poroshenko ရုရှားသမတ ပူတင်ထံ ဖုန်းဆက်
ပြောပြခဲ့ပါတယ်။
ရုရှားဖက်ကလည်း ယူကရိန်းအရှေ့တောင်ဖက်က အခုလို မငြိမ်သက်မှုတွေ ကိုင်တွယ်ဖြေရှင်းဖို့
အစီ အစဉ်ကို မစ္စတာ Poroshenko ဖက်က မစ္စတာပူတင်ကို ရှင်းပြခဲ့တယ်လို့ ပြောကြားခဲ့ပေမယ့် သူတို့အနေနဲ့ယူကရိန်း ပိုင်နက်ကို နောက်ထပ် ကျူးကျော်တာမျိုးတွေ မလုပ်ပါဘူး ဆိုတာကိုတော့ အထပ်ထပ်ပြောနေပါတယ်။
ခွဲထွက်ရေးသမား ထိန်းချုပ်ထားတဲ့ ယူကရိန်းနိုင်ငံအရှေ့ခြမ်း donestk ဒေသက Mariupol ဆိပ်ကမ်းမြို့ကို ယူကရိန်းလုံခြုံရေးတပ်ကနေ ပြန်သိမ်းယူလိုက်ပြီး မြို့တော်ခမ်းမပေါ်မှာ ယူကရိန်းအလံကို ယူကရိန်း တပ်တွေက လွှင့်တင်လိုက်တယ်လို့ ပြည်ထဲရေးဝန်ကြီး Arsen Avakov က ပြောပါတယ်။

0 မှတ်ချက်များ for "ရှရှားက ယူကရိန်း ခွဲထွက်ရေးသမားတွေကို လက်နက်ခဲယမ်းများ ကူညီထောက်ပံ့ပေး"