အာဏာသိမ်း ထိုင်းစစ်တပ်က ညမထွက်ရအမိန့်ကို ရုပ်သိမ်းလိုက်ပြီ
နိုင်ငံရေးတင်းမာမှုတွေကြောင့် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ရုပ်သိမ်းလိုက်ပြီလို့ မနေ့က ထိုင်းအာဏာသိမ်း
စစ်ကောင်စီက သတင်း ထုတ်ပြန် လိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့နေ့ မေလ ၂၂ ရက်နေ့က ကစပြီး ည ၁၀ နာရီကနေ မနက် ၅ နာရီအတွင်း ညမထွက်ရ အမိန့်ထုတ်ခဲ့ပါတယ်။
အဲဒီနောက် ည ၁၂ နာရီကနေ မနက် ၄ နာရီထိ ညမထွက်ရအမိန့်ကို ဖြေလျှော့ပေးခဲ့ပြီး ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ထိခိုက်မှာ စိုးရိမ်တဲ့အတွက် ကမ္ဘာလှည့်ခရီးသွားအများစု ရှိတဲ့နေရာ ၃ ခုကိုလည်း ညမထွက်ရ အမိန့် ရုပ်သိမ်းပေးခဲ့ပါတယ်။
ဘရာဇီးလ်မှာ ကျင်းပနေတဲ့ ၂၀၁၄ ကမ္ဘာ့ဖလား ဘောလုံးပွဲ အခမဲ့ ကြည့်နိုင်နိုင်ဖို့ ထိုးစစ်တပ်က အမိန့်ထုတ်ထားခဲ့သလို အခုလည်း ညမထွက်ရအမိန့်ကို နိုင်ငံတ၀န်း ရုပ်သိမ်းပေးလိုက်တာ ဖြစ်ပါတယ်။

0 မှတ်ချက်များ for "အာဏာသိမ်း ထိုင်းစစ်တပ်က ညမထွက်ရအမိန့်ကို ရုပ်သိမ်းလိုက်ပြီ"