စက်တင်ဘာလမှာ ယာယီအစိုးရအဖွဲ့မယ်လို့ အာဏာသိမ်းထိုင်းစစ်တပ် အကြီးအကဲ ပြော
ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့
လူမှုရေး ဆိုင်ရာ စနစ်တွေ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး အစီအစဉ်တွေကို အာဏာသိမ်းထိုင်းစစ်တပ် အကြီးအကဲက ဒီကနေ့ ထုတ်ဖေါ် ပြောကြား လိုက်ပါတယ်။
ကြားဖြတ်အစိုးရ တစ်ရပ် ဖွဲ့စည်းပေးမယ်လို့လည်း ဗိုလ်ချုပ်ကြီး ကျန်အိုချားက ပြောပါတယ်။
ကြားဖြတ်အစိုးရ တစ်ရပ် ဖွဲ့စည်းပေးမယ်လို့လည်း ဗိုလ်ချုပ်ကြီး ကျန်အိုချားက ပြောပါတယ်။
ယာယီအစိုးရအဖွဲ့ကို လာမယ့် စက်တင်ဘာလ ထက် နောက်မကျဘဲ ဖွဲ့စည်းမှာ
ဖြစ်ကြောင်း ထိုင်းအစိုးရနဲ့ စစ်တပ်အဆင့်မြင့် တာဝန်ရှိသူတွေ နဲ့
ဒီကနေ့ တွေ့ဆုံချိန်မှာ ဗိုလ်ချုပ်ကြီး Prayuth က ပြောကြား ခဲ့ခြင်း ဖြစ်ပါတယ်။
ဒါ့အပြင် လူနေမှု စရိတ် ကျဆင်းရေးကို အသေအချာ လောလာ ဆောင်ရွက်မယ်၊ လယ်လုပ်ငန်း အတွက် အမတော်ကြေး ပေးတဲ့ ကိစ္စကို ပြန်စဉ်းစားမယ်၊ ပညာရေးစနစ်နဲ့ ရဲဘက်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတို့ကို လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။
မေလ ၂၂ ရက်နေ့က အာဏာသိမ်းခဲ့ပြီး နောက်ပိုင်းမှာတော့ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ပညာရှင်တွေ၊ သတင်းသမားတွေ ရာနဲ့ချီပြီး စစ်အစိုးရက ဆင့်ခေါ်ခဲ့ပြီး အများစုကိုတော့ တပတ်၊ ၂ ပတ်လောက် ဖမ်းဆီးထားပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။ ပြန်လွှတ်ပေးလိုက်သူတချို့ကတော့ နိုင်ငံရေး လှုပ်ရှားမှုတွေမှာ မပါဖို့နဲ့ ပြည်ပကို မထွက်ခွာဖို့ ခံဝန်လက်မှတ်တွေ ရေးထိုးခဲ့ကြပါတယ်။


0 မှတ်ချက်များ for "စက်တင်ဘာလမှာ ယာယီအစိုးရအဖွဲ့မယ်လို့ အာဏာသိမ်းထိုင်းစစ်တပ် အကြီးအကဲ ပြော"