အငြင်းပွားနေတဲ့ ရေပိုင်နက် ကျွန်းပေါ်မှာ တရုတ်စာသင်ကျောင်း တည်ဆောက်
တောင်တရုတ်ပင်လယ်ပြင်အတွင်း ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့
ရေပိုင်နက်အတွင်းက ကျွန်းပေါ်မှာ တာဝန်ကျနေတဲ့ တရုတ် စစ်မှုထမ်းတွေရဲ့
သားသမီးတွေ ကျောင်းတက်လို့ရနိုင်အောင် တရုတ်အစိုးရက စာသင်ကျောင်းတကျောင်း
တည်ဆောက်နေပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်တုန်းက စတင် တည်ရှိခဲ့တဲ့ ဒီ စစ်စခန်းအတွက် အခုလို
စာသင်ကျောင်း တည်ဆောက် လိုက်ခြင်းအားဖြင့် ဒီဒေသကို တရုတ်နိုင်ငံက
ပိုင်ဆိုင်ကြောင်း ပြသလိုက်တာလည်း ဖြစ်ပါတယ်။
တခြား အာရှနိုင်ငံတွေကလည်း ပိုင်ဆိုင်ကြောင်း အငြင်းပွားနေတဲ့
ရေပိုင်နက်အတွင်းက Yongxing လို့ခေါ်တဲ့ ကျွန်းပေါ်မှာ တရုတ်လူမျိုး ၁,၄၄၃
ဦးရှိပြီး အဲဒီကျွန်းကို တရုတ်အစိုးရက မြို့တမြို့အဖြစ် သတ်မှတ်ထား တာ
ဖြစ်ပါတယ်။
အဲဒီ ကျွန်းမှာ တာဝန်ကျနေတဲ့ တရုတ် စစ်မှုထမ်းတွေအနေနဲ့
မိုင်ပေါင်း ထောင်သောင်းချီ ကျယ်ဝန်း တဲ့ ရေပိုင်နက် ၏ကို ကြီးကြပ်
အုပ်ချုပ်ရတာ ဖြစ်ပါတယ်။
အဲဒီကျွန်းကို မြို့တမြို့အဖြစ် တရုတ်တို့က သတ်မှတ်လိုက်ခြင်းအားဖြင့်
ဒေသတွင်း တင်းမာမှုတွေ တိုး တက် ဖြစ်ပေါ်လာမယ်ဆိုပြီး ဗီယက်နမ်၊
ဖိလစ်ပိုင်နဲ့ အမေရိကန်ပြည်ထောင်စုတို့က ပြစ် တင် ဝေဖန်လိုက်ပါတယ်။ __ဗွီအိုအေ


0 မှတ်ချက်များ for "အငြင်းပွားနေတဲ့ ရေပိုင်နက် ကျွန်းပေါ်မှာ တရုတ်စာသင်ကျောင်း တည်ဆောက်"