Karachi လေဆိပ်ကို တာလီဘန်တွေ ဆက်လက် တိုက်ခိုက်

ပါကစ္စတန်နိုင်ငံ Karachi  နိုင်ငံတကာလေဆိပ်ကို ပါကစ္စတန်တာလီဘန်တွေက  ဆက်လက်ပစ်မှတ် တိုက်ခိုက်တယ်လို့ ရဲတွေက ပြောပါတယ်။

လေဆိပ်လုံခြုံရေး သင်တန်းကျောင်းကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ မော်တော်ဆိုင်ကယ်လ်နဲ့ လာတဲ့သေနတ်သမား၂ ယောက်နှင့် လုံခြုံရေး တပ်သားတွေကြား အင်္ဂါနေ့မှာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာရ သူတွေ မရှိခဲ့ပါဘူးလို့  လေဆိပ်လုံခြုံရေးတပ်က လက်ထောက်အကြီးအကဲ ဗိုလ်မှူးကြီး Tahir Ali က ပြော ပါတယ်။

တိုက်ခိုက်လာသူတွေကို ရှာဖွေတဲ့ စစ်ဆင်ရေး စတင်လုပ်ဆောင်နေပြီလို့လည်း ဗိုလ်မှူးကြီး အလီက ဆက် ပြောပါတယ်။

တနင်္လာနေ့က ဖြစ်ပွားတဲ့ Karachi Jinnah နိုင်ငံတကာလေဆိပ် တိုက်ခိုက်မှုမှာ လူပေါင်း ၃၆ ယောက် ထက်မနဲ သေဆုံးခဲ့ရပြီး ၎င်းတိုက်ခိုက်မှုဟာ သူတို့ လုပ်ဆောင်တာဖြစ်တယ်လို့ ပါကစ္စတန် တာလီဘန်တွေက ၀န်ခံပြီး တိုက်ခိုက်မှုတွေ ထပ်မံလုပ်မယ်လို့လည်း ကြညာခဲ့ပါတယ်။

အခုလို စီးပွားရေးအချက်အခြာကျတဲ့ တောင်ပိုင်း ဆိပ်ကမ်းမြို့က လေဆိပ်မှာ တိုက်ခိုက်ခံရတဲ့ကိစ္စနှင့် ပတ်သက်ပြီး ပါကစ္စတန် ဝန်ကြီးချုပ် Nawaz Sharif က စစ်တပ်နဲ့ အစိုးရ ထိပ်တန်းအရာရှိတွေနဲ့ အင်္ဂါနေ့မှာ တွေ့ဆုံဆွေးနွေးပါတယ်။

အင်္ဂါနေ့မှာပဲ စစ်သွေးကြွတွေ ခိုအောင်းမယ်လို့ သံသယရှိတဲ့ အနောက်မြောက်ပိုင်း က ခိုင်ဘာဒေသကို ပစ်မှတ်ထားပြီး ပါကစ္စတန် စစ်တပ်က လေကြောင်းနဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင် ခဲ့တာကြောင့် အကြမ်းဖက်သမား ၂၅ ယောက်ထက်မနဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

0 မှတ်ချက်များ for "Karachi လေဆိပ်ကို တာလီဘန်တွေ ဆက်လက် တိုက်ခိုက် "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++