ငွေညစ်လတဲ့ Android ပေါ်က Malware အသစ်

မိုဘိုင်း ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ အချက်အလက်တွေ ကို ခိုးယူမူပြုပြီး ဌင်းတို့ကို ဆုပ်ကိုင်ကာ ပြန်ပေးငွေ ညစ်လာနိင်တဲ့ Android malware အသစ်တစ်ခု ပေါ် လာပြီးလို့ သိရှိရပါတယ်။ 

http://arstechnica.com/ ရဲ့ အဆိုအရ ထို Simplocker လို့ခေါ်ပြီး ဖုန်းအသုံးပြုသူတွေရဲ့ ဖုန်းအတွင်းရှိ ဓာတ်ပုံနဲ့ အခြား အရာတွေကို ခိုးယူ လော့ချထားပြီး ပြန်ပေးငွေအတွက် ပြန်လည် သိုလှောင်တဲ့ ဆော့ ၀ဲလ် တစ်ခုဖြစ်လာခဲ့ပါတယ်။ 

အဆိုပါ Android malware အသစ်က  ဥရောပ အရှေ့ပိုင်းမှာ ရှိတဲ့ လူတွေဟာ အဓိက ပစ်မှတ်တစ်ခုအဖြစ် ရှိနေကြောင်း သိရပြီး  hacker တွေဟာ ဒေါ်လာ ၂၀ နဲ့ ညီမျှတဲ့ ယူကရိန်ငွေ ကို တောင်းပြီး ဖုန်းကို လော့ ဖွင့်ပေးမယ်လို့ ပြောပြီး ထိုသို့ ငွေပေးချေ ပြီးတဲ့နောက်မှာတော့ ဖုန်းဟာ ပြန်လည် အသုံးပြုရန်အတွက် ၂၄ နာရီအတွင်း လော့ပွင့်မှာလို့ ဆိုပါတယ်။

ပေးပို့လာတဲ့ မတ်ဆေ့တွေထဲမှတော့ ဖုန်းအသုံးပြုသူတွေဟာ ဥပဒေနဲ့ မလွတ်ကင်းတဲ့ ဒေါင်းလုပ်ခ်တွေကို ပြုလုပ်တဲ့အတွက် ထိုသို့ဖြစ်တာပါလို့ အသုံးပြုသူတွေကို ပြန်စွပ်စွဲထားပါတယ်။ 

ထို malware တွေကို ဒီအတိုင်း ဖယ်ပစ်ဖို့ကတော့ ဖုန်းရဲ့ safe mood မှာ ရှိနေတဲ့အချိန် rebooting လုပ်လို့ ရနိင်တယ်လို့ သတင်းဌာနတစ်ခုက ဖော်ပြပေမယ့် အသုံးပြုသူတွေရဲ့ အတွင်းရေးတွေကို ကာကွယ်ပေး ထားနိင်တဲ့ encrypted ဖိုင်တွေကို ဆုံးရှုံးနိင်တယ်လို့ လဲ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်တွေဆီက သြစတြီးရီယားမှာ ရှိတဲ့ Apple အသုံးပြုသူတွေဟာ သူတို့ဖုန်းဟာပြန်ပေးငွေတွေ အတွက် ဟတ်ခံရတယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့တဲ့နောက် Android malware  ထပ်ပေါ်လာတာ ဖြစ်ပါတယ်။ 

" Find My Phone " ဆိုတဲ့ alarm ဟာလည်း တစ်ချိန်တည်းမှာပဲ တစ်အိအိ မည်နေပြီး ဖုန်းကို unlock ဖြစ်ဖို့ အတွက် Paypal အကောင့်တစ်ခုဆီကို ဒေါ်လာ (၅၀) ပို့ပါဟု စတဲ့ တိုက်တွန်းတဲ့ မတ်ဆေ့တွေဟာ သြစတြီးရီးယားမှာ ရှိတဲ့ i Phone, iPad, Mac သမားတွေဆီမှာ အမြောက်အမြား ရရှိခဲ့တာ ဖြစ်ပါတယ်။ 

0 မှတ်ချက်များ for "ငွေညစ်လတဲ့ Android ပေါ်က Malware အသစ် "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++