ရေပိုင်နက်ငြင်းပွားမှု ကြားဝင်ဖြေရှင်ပေးဖို့ တရုတ်နဲ့ ဗီယက်နမ် အပြိုင်အဆိုင် ဘန်ကီမွန်းထံ စာတင်

ရေပိုင်နက် အငြင်းပွားရာကနေ တင်းမာမှုတွေ ပေါ်
ပေါက်နေ တဲ့အပေါ် ကြားဝင်ဖြေရှင်းပေးဖို့ တရုတ်နဲ့ ဗီယက်နမ် နှစ်နိုင်ငံစလုံးက အပြိုင်အဆိုင် ကုလ သမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံ စာတင်   အကူအညီ တောင်းခံခဲ့ကြပါတယ်။

နှစ်နိုင်ငံစလုံးက မိမိပိုင်ဆိုင်ကြောင်း ပြောဆိုထား ကြတဲ့ ရေပိုင် နက်မှာ တရုတ်က မိမိနိုင်ငံရဲ့  ရေ ပိုင်နက် ထဲ ရေနံတူးဖော်ရေးလုပ်ငန်းတွေကို ဗီယက်နမ်နိုင်ငံက ဥပဒေမဲ့၊ အတင်းအကျပ် နှောင့် ယှက်နေတယ် ဆိုပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို တင်ပြခဲ့သလို ဗယက်နမ်ကလည်း တရုတ်နိုင်ငံဟာ မိမိနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ချိုးဖောက်နေတဲ့အကြောင်းနဲ့ တရုတ်နိုင်ငံရဲ့ ရေနံ တူးဖော်ရေး လုပ်ငန်းတွေနဲ့ သင်္ဘောတွေကို ပြန်လည်ရုပ်သိမ်းဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံ စာတင် တောင်းဆို လိုက်ပါတယ်။
 
တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ဗီယက်နမ်နိုင်ငံက ချိုးဖောက်ခဲ့သလို၊ တရုတ်အလုပ်သမား
တွေကိုလည်း အကြီးအကျယ် ခြိမ်းခြောက်မှုတွေ ရှိခဲ့တဲ့အကြောင်း တရုတ်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ လက်ထောက်သံအမတ်ကြီး Wang Min က ပြောပါတယ်။

ဗီယက်နမ်ကလည်း ဒေသတွင်းမှာ တည်ငြိမ်မှုရှိစေဖို့နဲ့ ရေကြောင်းဆိုင်ရာကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းဖို့
နှစ်နိုင်ငံကြား ဆွေးနွေးပြောဆိုနိုင်မယ့် အခြေအနေတွေကို ဖန်တီးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို တိုက်တွန်းခဲ့ပါတယ်။

တရုတ်နဲ့ ဗီယက်နမ် နှစ်နိုင်ငံက ပေးပို့တဲ့ စာတွေထဲမှာတော့ ကုလသမဂ္ဂရဲ့ ၁၉၈၂ ခုနှစ် ပင်လယ်ပြင် ဆိုင်ရာ ဥပဒေ အပါအ၀င် နိုင်ငံတကာ သဘောတူညီချက်တွေကို ကိုးကားထားကြပြီး၊ တင်ပြချက်တွေကို ကုလသမဂ္ဂအဖွဲ့ဝင် တိုင်းပြည်တွေကြား ဖြန့်ဝေဖို့လည်း အတွင်းရေးမှူးချုပ်ကို တိုက်တွန်းထားကြပါတယ်။

0 မှတ်ချက်များ for "ရေပိုင်နက်ငြင်းပွားမှု ကြားဝင်ဖြေရှင်ပေးဖို့ တရုတ်နဲ့ ဗီယက်နမ် အပြိုင်အဆိုင် ဘန်ကီမွန်းထံ စာတင်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++