ဇိမ်ခံ အမြင့်စား စမတ်ဖုန်း Vertu Signature Made in England

Vertu ဗြိတိန် ဖုန်းထုတ်လုပ်ရေး ကုမ္ပဏီက ဖန်တီးထားတဲ့ ဖုန်းရဲ့ ဖုန်းဈေးကြီး ပုံကတော့ အရင်က သင့်စီးနေတဲ့ ကားထက်တောင် စီးကြီးနေ ပါမယ်။ 

အခုတော့ Touch မျက်နှာပြင်နဲ့ ဖုန်းကို ထုတ်လိုက် ပါပြီး။ ထိုဖုန်းရဲ့ တန်ဖိုးက ရိုးရိုး မော်ဒယ်လ် ကိုတောင် ဒေါ်လာ 11,300 လောက်သွား တာဖြစ်ပါတယ်။ 

Handmade လက်လုပ်ဖုန်းဖြစ်ပြီး လူတစ်ယောက် ထဲက ကိုယ်တွယ် တပ်ဆင်ထား တာဖြစ်ပါတယ်။

ကာင်းမွန်လှတဲ့ အသံတုန်ပြန်မူ ဆိုင်ရာ သိပ္ပံနည်းပညာ ပညာရပ်များတွေပါဝင်ထားပြီး အထင်ကြီး စရာ အော်ဒီယို ပတ်ဝန်းကျင် အသံ ပျံ့နှံ့မူ စနစ်များကို အသားပေးလို့ ထည့်သွင်း ပြုလုပ်ထားတာ ဖြစ်ပါတယ်။ 

ထူးခြားသော ပုံရိပ်များအတွက် ဆွီဒင်နိင်ငံရဲ့ အသိအမှတ်ပြု certified ကင်မရာဖြင့် BSI CMOS sensor ကို 13MP တွင် ရရှိမှာ ဖြစ်ပါတယ်။ 

အရှေ့ကင်မရာက 2.1 MP ပါ။ ကြက်သေသေစွာဖြင့် ရင်သပ် ရူမော်ဖွယ် ဖြစ်စေမည့် ရုပ်ထွက်များအတွက် 4.7 လက်မရှိ Full HD Screen မျက်နှာပြင်မှာ ကောင်းမွန်ကြည်လင်စွာ ခံစားရမှာဖြစ်ပါတယ်။ Android ကလည်း နောက်ဆုံးထွက် 4.4 ကိုသုံးထားပါတယ်။ CPU လည်း Qualcomm Snapdragon 800 SoC, quad-core ဖြင့် မဆိုးလှပါပဲ။ အတွင်းမှတ်ဥာဏ် သိုလှောင်မူကို မူလ အတိုင်း 64GB အလုံအလောက်ပေးထားပြီး မိုက်ခရိုလ် SD ကတော့ ထပ်စိုက်လို့မရခဲ့ပါဘူး။ 

Lifestyle ၀န်ဆောင်မူ နှစ်မြုပ်ထားမူ၊ နီလာရောင် ခရစ်စတယ် မျက်နှာပြင် Screen ဖြင့် ခြစ်ရာ၊ ပွန်းရာများ အသေချာ ခံမူ ကမ္ဘာ့လုံးဆိုင်ရာ ချိတ်ဆက် သွယ်တန်းမူများ၊ ခိုင်မာသော အမြင့်စား တိုင်တေနီယမ် သတ္တုဖြင့် အလေးချိန် ပေါ့ပါး ပါးလွှားခြင်း တို့ဖြင့် ခံညားလှတဲ့ ဗြိတိန် ထုတ်ဇိမ်ခံ စမတ်ဖုန်းပင် ဖြစ်ပါတော့တယ်။

__ အောင်ဟိန်း

0 မှတ်ချက်များ for "ဇိမ်ခံ အမြင့်စား စမတ်ဖုန်း Vertu Signature Made in England "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++