အကောက်ခွန်မဲ့ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှုအတွက် ဥရောပသမဂ္ဂနဲ့ ယူကရိန်း Georgia, Moldova တို့ လက်မှတ်ရေးထိုး
EU- ဥရောပသမဂ္ဂနဲ့ အကောက်ခွန်မဲ့ ကုန်သွယ်ရေး ဆိုင်ရာ သဘောတူညီချက်ကို ယူကရိန်း၊ Georgiaနဲ့ Moldova တို့က သုံးနိုင်ငံကြား သောကြာနေ့က လက်မှတ်ရေးထိုး လိုက်ကြပါတယ်။
အခုလို သဘောတူညီချက်ကို လက်မှတ်ထိုးလိုက်ခြင်း အားဖြင့် ယူကရိန်း ၊ Georgiaနဲ့ Moldova တို့အတွက် အကျိုးအမြတ် ရရနိုင်ပြီး အီးယူအဖွဲ့ဝင် ၂၈ နိုင်ငံစလုံးနဲ့ လွတ်လပ်စွာ ကုန်သွယ်ခွင့် ရကြမှာဖြစ်သလို အီးယူနဲ့ နိုင်ငံရေးအရ ပိုမိုပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာကြတော့မှာ ဖြစ်ပါတယ်။
ဒီသဘောတူညီချက်ဟာ ဥရောတိုက် တခုတည်းဖြစ်ရေး၊ လွတ်လပ်မှုနဲ့
ငြိမ်းချမ်းမှုတွေအတွက် ရှေ့ခြေ တလှမ်းတိုး လိုက်တာဖြစ်တယ်လို့
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောပါတယ်။
ရုရှားကတော့ စီးပွားရေးအရ ကျူးကျော် ရန်စမှုဟုဆိုကာ နောက် ဆက်တွဲ အကျိုးဆက်တွေ ဖြစ်ပေါ်နိုင် တယ်ဆိုပြီး သတိပေးလိုက်ပါတယ်။


0 မှတ်ချက်များ for "အကောက်ခွန်မဲ့ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှုအတွက် ဥရောပသမဂ္ဂနဲ့ ယူကရိန်း Georgia, Moldova တို့ လက်မှတ်ရေးထိုး"