တရားမဝင် အလုပ်သမားတွေကို ထိုင်းနိုင်ငံမှာ ယာယီနေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့် ထုတ်ပေးမယ်

ထိုင်းနိုင်ငံ မဟာချိုင် ဒေသမှာ တရားမဝင် အလုပ်လုပ်နေတဲ့ မြန်မာ အပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေကို ယာယီ နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့် လက်မှတ်ကို ဇူလိုင် ၃ဝ ရက်နေ့က စပြီး ရက်ပေါင်း ၃ဝ အတွင်း ထိုင်းစစ်အစိုးရက ထုတ်ပေးတော့မှာ ဖြစ်ပါတယ်။

ဆေးစစ်ခနဲ့ အခမဲ့ ဆေးကုသခွင့် အလုပ်လုပ်ခွင့် အပါအဝင် အသက်သာဆုံးနဲ့ အလွယ်ကူဆုံး ဆောင် ရွက်ပေးမယ့် အစီအစဉ်အရ တစ်ယောက်ကို ဘတ်ငွေ ၂၅ဝဝ နီးပါး အလုပ်သမားတွေ ဘက်က ကုန်ကျခံရ မှာဖြစ်ပါတယ်။

အလုပ်သမားတွေရဲ့ ကျန်းမာရေး၊ လူမှူရေးနဲ့ လုပ်အားခ တရားမျှတမှု ရှိရေးတို့ အတွက် လုပ်ဆောင် တာ ဖြစ်တယ် လို့လည်း ထိုင်းအစိုးရက ပြောပါတယ်။

အခု မဟာချိုင် ဒေသမှာ အစမ်းသဘော စတင် လုပ်ပေးတာ ဖြစ်ပြီး နောက်ပိုင်းမှာ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ ဆက်လက် လုပ်ဆောင် သွားဖို့ ရှိပါတယ်။___ဘီဘီစီ

0 မှတ်ချက်များ for "တရားမဝင် အလုပ်သမားတွေကို ထိုင်းနိုင်ငံမှာ ယာယီနေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့် ထုတ်ပေးမယ်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++