အမေရိကန် F-18 တိုက်လေယာဉ်များ အီရတ်နိုင်သို့ စေလွှတ်

ISILS စစ်သွေးကြွတွေကို တိုက်ခိုက်ဖို့
လေကြောင်းကနေ ကူညီပံ့ပိုးပေးပါရန် အီရတ် ဝန်ကြီးချုပ် နူရီအယ်လ် မာလီကီက အမေရိကန် သမ္မတဘာရတ်အိုဘားမားထံ အကူအညီ တောင်းခံ ခဲ့တဲ့အပေါ် အမေရိကန်၏ F-18 Super Hornet တိုက်လေယာဉ်များကို အီရတ်နိုင်ငံသို့ စတင်စေ လွှတ်လိုက်ပြီးဟု သိရသည်။

အမေရိကန် F-18 များကို ဇွန်လ(၁၈)ရက်နေ့မှ စတင်၍ စေလွှတ်ခဲ့ခြင်းဖြစ်ပြီး အမေရိကန် အနေဖြင့် ISIL တို့ကို အချိန်မရွေး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လာနိုင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ 

ဇွန်လ(၁၈)ရက်နေ့ ညနေပိုင်းတွင် အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက သတင်းထောက် များနှင့် တွေ့ဆုံခဲ့ရာမှာ သမ္မတ အိုဘားမားသည် အီရတ်တွင် လေကြောင်းမှ ကူညီတိုက်ခိုက်ပေးရန် သင့်မသင့် စဉ်းစားနေဆဲဟု ပြောကြားသွားသည်။ 

အမေရိကန်က တိုက်ခိုက်ရေးကဏ္ဍတွင် ပါဝင်ရန် တုံ့ဆိုင်းနေဆဲ ဖြစ်သော်လည်း အီရတ်ကို လေယာဉ် ပျံများ၊ မောင်းသူမဲ့ လေယာဉ်များ ပို့လွှတ်ကာ ထောက်လှမ်းရေးအတွက် အကူအညီပေးမည်ဟု အတည်ပြု ခဲ့သည်။

အီရတ်နိုင်ငံသို့ စေလွှတ်လိုက်သော  F-18 တိုက်လေယာဉ်တွေက အီရတ်နိုင်ငံရေး အကျပ်အတည်း ကာလအတွင်း အမေရိကန်အစိုးရက အာရေဗျ ပင်လယ်အတွင်း အခြေစိုက်ထားတဲ့   ပြောင်းရွှေ့နေရာယူ ထားစေသည့် USS George H.W. Bush လေယာဉ်တင် သင်္ဘောကြီးပေါ်က တိုက်လေယာဉ်တွေ ဖြစ် သည်။ 

(၂၀၁၁) ခုနှစ်က အီရတ်မှ အမေရိကန် စစ်တပ်များ ဆုတ်ခွာခဲ့ပြီးနောက်ပိုင်း ထောက်လှမ်းရေး ကဏ္ဍ အတွက် လေယာဉ်များ စေလွှတ်ပေးခြင်းသည် ယခုတစ်ကြိမ် ပထမဆုံးလည်း ဖြစ်ပြီး  F-18 များသည် ထောက်လှမ်းရေးသုံး လေယာဉ်မျိုး မဟုတ်ဘဲ တိုက်လေယာဉ် စစ်စစ်များဟု Fox News သတင်းဌာနက ဆိုသည်။ _Ref: Dailymail

0 မှတ်ချက်များ for "အမေရိကန် F-18 တိုက်လေယာဉ်များ အီရတ်နိုင်သို့ စေလွှတ်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++