လေကြေကနေ အကူအညီပေးဖို့ အမေရိကန်ကို အီရတ်အစိုးရ တရားဝင်တောင်းဆို

ဆူနီအစ္စလာမ္မစ် စစ်သွေးကြွတွေက အီရတ်နိုင်ငံ
မြောက်ပိုင်းမြို့တွေကို သိမ်းပိုက်ထားပြီး ဘဂ္ဂဒတ်
မြို့တော်ကိုပါ ခြိမ်းခြောက်လာနေ တာကြောင့်
လေကြောင်းအကူပေးဖို့ အမေရိကန် ကို အီရတ်အစိုးရက တရားဝင်တောင်းဆို လိုက် ပါ တယ်။

အီရတ်အစိုးရအနေနဲ့ သူ့လူထုကို အကာအကွယ် မပေးနိုင်တော့တာကြောင့် စစ်သွေးကြွတွေကို တိုက် ခိုက်ရာမှာ အမေရိကန် လေကြောင်းက တိုက်ကူပေးဖို့ အီရတ်က အကူအညီ တောင်းခံမှုနှင့် ပတ်သက်ပြီး အမေရိကန် ထိပ်တန်း စစ်ဖက်အရာရှိ ဗိုလ်ချုပ်ကြီး Dempsey က အထက်လွှတ်တော် ကော်မတီ ကြားနားပွဲမှာ အတည်ပြု ပြောဆိုလိုက်ပါတယ်။

သမ္မတ အိုဘားမာက အထက်နဲ့ အောက်လွှတ်တော် ခေါင်းဆောင်တွေကို ဗုဒ္ဓဟူးနေ့မှာ သမ္မတ အိမ်ဖြူတော်မှာ ခေါ်ယူ ရှင်းလင်းမှုတွေ လုပ်ခဲ့ပြီး အီရတ်လုံခြုံရေးတပ်ဖွဲ့တွေ အားကောင်းလာဖို့ အမေရိကန် က ဘယ်လိုကူညီဆောင်ရွက်မလဲ ဆိုတာကိုလည်း ဆွေးနွေးနေပါတယ်။

ဆွေးနွေးချက်တွေထဲမှာ ကနဦးက စဉ်းစားခဲ့တဲ့ အီရတ်သို့ အမေရိကန် တပ်တွေကို မလွတ်ဘူး ဆိုတဲ့ အချက်ကို ဖယ်ထုတ်ထားတယ်လို့ အိမ်ဖြူတော် ပြောခွင့်ရသူ Jay Carney က ပြောပါတယ်။ 




0 မှတ်ချက်များ for "လေကြေကနေ အကူအညီပေးဖို့ အမေရိကန်ကို အီရတ်အစိုးရ တရားဝင်တောင်းဆို "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++