အစ္စရေးရဲ့ တိုက်ခိုက်မှုအပေါ် လက်တုန့်ပြန်မယ်လို့ ပါလက်စတိုင်း စစ်သွေးကြွတွေပြော
အစ္စရေးရဲ့ အနောက်ဘက် ကမ်းခြေဒေသ တိုက်ခိုက် မှုကို လက်ပိုက် မကြည့်နေဘူးလို့ ပါလက်စတိုင်း လက်နက်ကိုင် အုပ်စုတို့တွေက အင်္ဂါနေ့က ပြောကြား လိုက်ပါတယ်။
ပျောက်ဆုံးနေတဲ့ ဂျူးလူငယ် (၃)ယောက်ကို ဟားမတ်စ်က ပြန်ပေးဆွဲသွားတယ်လို့ အစ္စရေးက စွပ်စွဲထားတဲ့ အပေါ် အစ္စရေးက ဖမ်းဆီးထား တဲ့ ထောင်ပေါင်း များစွာသော ပါလက်စတိုင်းတို့နဲ့ ယှဉ်ပြောမယ် ဆိုရင် ဒီပြန်ပေးဆွဲမှုဟာ တရားမျှတ တယ်လို့ ဟားမတ်စ်က ပြောနေပါတယ်။
ဟားမတ်စ်အမာခံ ခြေကုတ်ယူထားတဲ့ ဟီဘရွန်မှာ အစ္စရေး စစ်တပ်က တစ်အိမ်ဝင် တစ်အိမ်ထွက် ရှာဖွေခြင်း၊ သံသယ ရှိသူများကို ဖမ်းဆီးခြင်းနဲ့ စစ်ဆေး မေးမြန်းမှုများ ပြုလုပ်နေပါတယ်။
အင်္ဂါနေ့က ပျောက်ဆုံးသွားလူငယ် (၃)ဦးကို ရှာဖွေရင် အစ္စရေးတပ်ဖွဲ့များက ပါလက်စတိုင်း အစ္စလာမ်မစ် အဖွဲ့မှာ အဖွဲ့ဝင် (၄၀)ကျော်ကို ထိန်းသိမ်းထားခဲ့ပါတယ်။


0 မှတ်ချက်များ for "အစ္စရေးရဲ့ တိုက်ခိုက်မှုအပေါ် လက်တုန့်ပြန်မယ်လို့ ပါလက်စတိုင်း စစ်သွေးကြွတွေပြော"