ဖမ်းဆီးထားတဲ့ နိုင်ငံခြား သားတချို့ကို ဆွန်နီသူပုန် ပြန်လွှတ်ပေး

အီရတ်နိုင်ငံမြောက်ပိုင်းကို သိမ်းပိုက်ထားတဲ့ ဆွန်နီ သူပုန်တွေက ဖမ်းဆီးထားတဲ့ နိုင်ငံခြားသားတွေ ထဲက အယောက် ၄၀ ကျော်ကို ဇွန် ၁၉ ရက်နေ့ က ပြန်လွှတ်ပေးလိုက်ပါတယ်။ 

ဖမ်းဆီးခံရတဲ့ ၄ ရက်တာကာလအတွင်း အစား အသောက် ထောက်ပံ့ပေးပေမယ့်  ဆွန်နီသူပုန် သတ်ပစ်မှာကို အမြဲကြောက်လန့်နေရတယ်လို့ လွှတ်မြောက်လာတဲ့ တူရကီအင်ဂျင်နီယာ တစ်ယောက်က ပြောပါတယ်။ 

လွှတ်ပေးလိုက်တဲ့ လူတွေထဲမှာ တူရကီအင်ဂျင်နီယာ ၄ ယောက်၊ တာဒ်မေနစ္စတန်နိုင်ငံက ၂၇ ယောက်နဲ့ နီပေါနိုင်ငံက ၁၀ ယောက်တို့ကို ရိုက်ယူထားပြီး ကာကွက်မြို့ကနေ ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

အီရတ်မြောက်ပိုင်းမြို့တွေကို အိုင်အက်စ်အိုင်အယ်လ်တပ်တွေ သိမ်းပိုက်စဉ်အတွင်း နိုင်ငံခြားသားအများ အပြား ဖမ်းဆီးခံထားကြရပါတယ်။ 

 ပြီးခဲ့တဲ့ ၂ ပတ်က မိုဆူးလ်မြို့ကို သိမ်းပိုက်စဉ်အတွင်း တူရကီစစ်သားတွေ၊ သံတမန်တွေ နဲ့ ကလေးတွေ လည်း ဖမ်းဆီးခံခဲ့ရပါတယ်။ 

အိန္ဒိယနိုင်ငံသား အယောက် ၄၀ ကျော်လည်း ဖမ်းဆီးခံထားရပြီး ဘယ်နေရာမှာ ထိန်းသိမ်းထားတယ် ဆိုတာကိုလည်း ခုချိန်ထိ မသိရှိသေးဘူးလို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန က ဇွန် ၁၈ ရက်နေ့က ပြော ဆိုပါတယ်။ 

ဆွန်နီသူပုန်တွေဟာ ဘဂ္ဂဒက်မြို့ပြင် တိုင်ဂရစ်မြစ်ဝှမ်းတလျှောက်နားအထိ သိမ်းပိုက်ထားပါတယ်။

အီရတ်နိုင်ငံမှာ ဆူနီစစ်သွေးကြွတွေကို အီရတ်အစိုးရ နှိမ်နင်းတိုက်ခိုက်နေရာမှာ ကူညီဖို့အတွက် အမေရိ ကန် စစ်အကြံပေး ၃၀၀ ကျော်နဲ့ စစ်လက်နက် ပစ္စည်းတွေ ပေးပို့သွားဖို့ ပြင်ဆင်နေတယ်လို့ သမ္မတ အိုဘားမားက ပြောလိုက်ပါတယ်။ 

0 မှတ်ချက်များ for "ဖမ်းဆီးထားတဲ့ နိုင်ငံခြား သားတချို့ကို ဆွန်နီသူပုန် ပြန်လွှတ်ပေး"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++