မြောက်ကိုရီးယားမှာ အမေရိကန်နိုင်ငံသား နောက်တစ်ဦး ထပ်ဖမ်းခံရ

မြောက်ကိုရီးယားနိုင်ငံမှာ တတိယမြောက် အမေရိကန်နိုင်ငံသားတစ်ဦး အဖမ်းခံထားရတယ်လို့ အမေရိကန် အစိုးရက အတည်ပြု ပြောကြားပါတယ်။

နိုင်ငံခြား တိုင်းပြည်တွေမှာ ရောက်နေတဲ့ အမေရိကန် လူမျိုးတွေရဲ့ လူမှုဘ၀ ဖူလုံရေးနဲ့ ဘေး ကင်း လုံခြုံရေးထက် အရေးကြီးတာ မရှိဘူးလို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီး မယ်ရီဟာ့ဖ် က ပြောပါတယ်။

 မြောက်ကိုရီးယားက အခုလက်ရှိ ဖမ်းထားတဲ့ မစ္စတာဘေး အပါအ၀င် အမေရိကန်လူမျိုး (၃)ယောက်စလုံး လွတ်မြောက်ဖို့အတွက် မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ရောဘတ်ကင်းဟာ ပြုံယမ်းကို သွားဖို့ အသင့်ဖြစ်နေပြီလို့ မယ်ရီဟာ့ဖ်က ပြောပါတယ်။

0 မှတ်ချက်များ for "မြောက်ကိုရီးယားမှာ အမေရိကန်နိုင်ငံသား နောက်တစ်ဦး ထပ်ဖမ်းခံရ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++