အီရတ်နိုင်ငံမှာ စစ်သွေးကြွတွေက တက္ကသိုလ်တခုကို ၀င်စီးပြီး ကျောင်းသားနဲ့ ဆရာတွေကို ပြန်လွှတ်ပေး
အီရတ်နိုင်ငံ အနောက်ပိုင်း ရာမာဒီမြို့က တက္ကသိုလ် တခုကို ဝင်စီးထားတဲ့ စစ်သွေးကြွတွေက သူတို့ ဖမ်းထားတဲ့ ရာနဲ့ချီတဲ့ ကျောင်းသားတွေနဲ့ ဆရာတွေကို ပြန်လွှတ် ပေးခဲ့ပါတယ်။
စစ်သွေးကြွတွေ လွှတ်ပေးပြီးနောက် ကျောင်းသား ၁၃ဝဝ လောက် တက္ကသိုလ် ထဲက ထွက်လာ ကြတယ်လို့ ဒေသကောင်စီ အကြီးအကဲက ပြော ကြားပါတယ်။
စစ်သွေးကြွအများအပြားကိုလဲ အစိုးရတပ်က ချေမှုန်းနိုင်ခဲ့ပြီး ကျန်တဲ့ စစ်သွေးကြွတွေ ဆုတ်ခွာသွားပြီလို့ ရာမာဒီက လုံခြုံရေး သတင်းရပ်ကွက်က ဘီဘီစီကို ပြောပါတယ်။
ကျောင်းလုံခြုံရေးတွေကို သတ်ဖြတ်ပြီး တက္ကသိုလ်ကို ဝင်စီးထားတဲ့ သေနတ်သမားတွေဟာ ISIS စစ်သွေးကြွအဖွဲ့လို့ ယူဆရပါတယ်။
သောကြာနေ့ကလဲ အစွန်းရောက်တွေက မိုဆူးလ်မြို့ကို အပြင်းအထန် တိုက်ခိုက်ခဲ့ပြီး အသေခံ ဗုံးခွဲမှုတွေ ဖြစ်ပွားခဲ့သလို ဆမာရာ မြို့ကိုလဲ အကြီးအကျယ် ထိုးစစ်ဆင်ခဲ့ပါတယ်။
ရာမာဒီမှာ လုံခြုံရေးနဲ့ စစ်သွေးကြွ တွေကြား လနဲ့ချီပြီး တိုက်ခိုက်နေကြပါတယ်။__ဘီဘီစီ

0 မှတ်ချက်များ for "အီရတ်နိုင်ငံမှာ စစ်သွေးကြွတွေက တက္ကသိုလ်တခုကို ၀င်စီးပြီး ကျောင်းသားနဲ့ ဆရာတွေကို ပြန်လွှတ်ပေး"