ဆလိုဗီးယန့်စ်ခ်မြို့မှာ ယူကရိန်းစစ်တပ်နဲ့ ခွဲထွက်ရေးသမား တိုက်ပွဲဆက်ဖြစ်
ယူကရိန်းနိုင်ငံ၊ ဆလိုဗီးယန့်စ်ခ်မြို့မှာ ယူကရိန်း စစ်တပ်နဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမား ဆက်လက် တိုက်ခိုက်နေတာကြောင့် မြို့ခံတွေ ထွက်ပြေးဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
ယူကရိန်း အရှေ့ပိုင်းမှာတိုက်ခိုက်မှုအရှိန် လျော့နည်း လာဖို့ မရှိပါဘူး။ စစ်ဆေးရေးဂိတ် တစ်ခုမှာ တာဝန်ကျနေတဲ့ အစောင့်တပ်သား တစ်ဦးက ကျွန်တော်က သတ်ဖြတ်မှုတွေကို ဆန့်ကျင်တဲ့သူပါ။ ဒါပေမယ့် တဖက်မှာလည်း ဒီပြဿနာတွေအတွက် ကျွန်တော် သနားညှာတာလို့ မရပါဘူး။ ကျွန်တော့်တာဝန်ကို ကျွန်တော် ထမ်းဆောင်နေတာပါ။ ဒါ့ကြောင့် သူတို့ကို ကျွန်တော် သတ်မှ ဖြစ်မယ်လို့ ပြောပါတယ်။
ဒီသီတင်းပတ်အကုန်အထိ တိုက်ပွဲတွေ ဆက်ဖြစ်မယ်နေမယ် ဆိုရင်တော့ သမ္မတရာထူး နှင်းအပ်ပွဲမှာ ကျိန်းသေ အနှောင့်အယှက် ဖြစ်မယ်လို့ ခန့်မှန်းရကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။


0 မှတ်ချက်များ for "ဆလိုဗီးယန့်စ်ခ်မြို့မှာ ယူကရိန်းစစ်တပ်နဲ့ ခွဲထွက်ရေးသမား တိုက်ပွဲဆက်ဖြစ်"