မတရားအသင်းဖွဲ့ ဟု သတ်မှတ်ခံနေရတဲ့ RCSS က စစ်အစိုးရ UMPC နဲ့ တွေ့ဆုံ
မတရားအသင်းအဖွဲ့ ဟု သတ်မှတ်ခံနေရဆဲ ဖြစ်တဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မီတီ UMPC နဲ့ (၆)ရက်နေ့ ရန်ကုန်မြို့မှာ တွေ့ ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
၎င်းတွေ့ဆုံဆွေးနွေးပွဲမှာ RCSS ဆက်ဆံရေးရုံး ဝင်ရောက် စစ်ဆေးခံခဲ့ရတဲ့ကိစ္စနှင့် ကျိုင်းတုံမြို့နယ် SNLD ပါတီဝင် ဖမ်းဆီးခံခဲ့ရတဲ့ကိစ္စ ဖြေရှင်းပေးဖို့ တင်ပြတယ်လို့ RCSS ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။
၎င်းတွေ့ဆုံဆွေးနွေးပွဲမှာ RCSS ဆက်ဆံရေးရုံး ဝင်ရောက် စစ်ဆေးခံခဲ့ရတဲ့ကိစ္စနှင့် ကျိုင်းတုံမြို့နယ် SNLD ပါတီဝင် ဖမ်းဆီးခံခဲ့ရတဲ့ကိစ္စ ဖြေရှင်းပေးဖို့ တင်ပြတယ်လို့ RCSS ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။
UMPC ဘက်ကတော့ RCSSနဲ့ ဆက်သွယ်တဲ့
ကျိုင်းတုံမြို့နယ် SNLD ပါတီဝင်ကို တည်ဆဲဥပဒေ ဖြစ်တဲ့ ပုဒ်မ ၁၇/၁
မတရားသင်းနဲ့ ဆက်သွယ်မှုနဲ့ ဖမ်းဆီးခဲ့တာဟာ ထိပ်ပိုင်းက ပေါ်လစီမဟုတ်ပဲ
အစိုးရရဲ့ အောက်ခြေ အာဏာပိုင်တွေရဲ့ လုပ်ရပ်သာဖြစ်ကြောင်း ဖြေရှင်းချက်ပေးတယ်လို့ သိရပါတယ်။
ငြိမ်းချမ်းရေးအတွက် အတူတကွလက်တွဲလုပ်ဆောင်နေချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို မတရားသင်းတွေအဖြစ် ဆက်သတ်မှတ်ထားတာဟာ ငြိမ်းချမ်းရေး ဖေါ်ဆောင်မှုကို ထိခိုက်လာနိုင်တဲ့ အတွက် ၁၇/၁ ပုဒ်မနဲ့ ကင်းလွတ်နိုင်အောင် နည်းလမ်းရှာပေးဖို့ RCSS/SSA အဖွဲ့ ကိုယ်စားလှယ်တွေက တင်ပြခဲ့တယ်လို့ RCSS ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။ မေလ ၅ ရက်မှာ ခလရ ၂၄၅ တပ်က တပ်ဖွဲ့ဝင် ၃၀ လောက်က ကျိုင်းတုံမြို့နယ် ပင်းတောက်အုပ်စု၊ နမ့်လင်းမိုင်ကျေးရွာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တာဝန်ခံ ဦးစိုင်းအိုက်ကျန်ကို RCSS/SSA ဆက်သွယ်ခဲ့လို့ ၎င်းကို မတရားသင်းနဲ့ ဆက်သွယ်မှုနဲ့ ပုဒ်မ ၁၇/၁ နဲ့ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားပြီး မကြာသေးခင်က ပြန်လည် လွတ်ပေးတယ်လိုက သိရပါတယ်။
မေလ ၆ ရက်နေ့မှာလည်း ကျိုင်းတုံမြို့ RCSS/ SSA ဆက်ဆံရေးရုံးကို စဖရမှူးကိုယ်တိုင် ဦးစီးသည့် စစ်အင်အား ၂၀ ကျော်က ရှာင်တခင်ဝင်ရောက်စီးနှင်းပြီး ရုံးတာဝန်ခံကို ၂ နာရီကြာ ထိန်းသိမ်းခဲ့ပါတယ်။
RCSS/SSA တပ်ဖွဲ့သည် မြန်မာစစ်အစိုးရလက်နက်ကိုင်တပ်ဖွဲ့နှင့် အပစ်အခပ်ရပ်စဲရေးလုပ်ပြီး ပြည်ထောင် စုအဆင့် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေကိုတော့ မတရား အသင်း အဖွဲ့အဖြစ်မှ ပယ်ဖျက်ထားပေးသော်လည်း မကြာခဏ သမ္မတဦးသိန်းစိန်နှင့် သီးခြားတွေ့ဆုံခဲ့တဲ့ RCSS/SSA ကိုတော့ မတရားသင်းအဖြစ် သတ်မှတ်ထားနေဆဲဖြစ်ပါတယ်။

0 မှတ်ချက်များ for "မတရားအသင်းဖွဲ့ ဟု သတ်မှတ်ခံနေရတဲ့ RCSS က စစ်အစိုးရ UMPC နဲ့ တွေ့ဆုံ"