ကမ္ဘာ့အကြီးဆုံး ရေကြောင်းဆိုင်ရာ စစ်ရေးလေ့ကျင့်မှု ပထမဆုံးအကြိမ် တရုတ် ပါဝင်မည်

နိုင်ငံပေါင်းစုံ ပါဝင်တဲ့ ကမ္ဘာ့အကြီးဆုံး ရေကြောင်း ဆိုင်ရာ စစ်ရေးလေ့ကျင့်မှု RIMPAC ရဲ့ ရေတပ် စစ်ရေး လေ့ကျင့်မှုတွေမှာ ပထမဆုံးအကြိမ် ပူးပေါင်း ပါဝင် လေ့ကျင့်သွားဖို့အတွက် တရုတ် ရေတပ်ဟာ စစ်သင်္ဘော (၄)စီးနဲ့အတူ တရုတ်နိုင်ငံ အရှေ့ပိုင်းနဲ့
တောင်ပိုင်း ဆိပ်ကမ်းစခန်းတွေကနေ ဇွန်လ (၁၀) ရက်နေ့က ထွက်ခွါသွားခဲ့ပြီးလို့ သိရပါတယ်။ 

တရုတ်၊ စင်္ကာပူနဲ့ ဘရူနိုင်းနိုင်ငံ ရေတပ်တွေဟာ ဇွန်လအလယ်ပိုင်းလောက်မှာ အမေရိကန် စစ်သင်္ဘော တစ်စီးနဲ့ ဂူအမ် (Guam)ကျွန်း ပင်လယ်ရေပြင်မှာ ပူးပေါင်းသွားမှာဖြစ်ပြီး အဲ့ဒီနောက် ပုလဲဆိပ်ကမ်းကို သတ်မှတ်ထားတဲ့ပုံစံအတိုင်း ရွက်လွှင့်သွားမှာ ဖြစ်တယ်လို့ နိုင်ငံစုံစစ်ရေး လေ့ကျင့်မှု တာဝန်ရှိသူက ပြော ပါတယ်။ 

တရုတ် ရေတပ်စုမှာ ဒုံးဖျက်သင်္ဘော၊ ဒုံးပစ်သင်္ဘော၊ ထောက်ပံ့ရေး ရေယာဉ်၊ ဆေးဝါးကုသရေး ရေယာဉ် တို့ အပြင် ရဟတ်ယာဉ်တင် သင်္ဘောနှစ်စီး၊ အထူးတပ်ဖွဲ့ တစ်ဖွဲ့နဲ့ ရေငုပ်တပ်ဖွဲ့ တစ်ဖွဲ့တို့ ပါဝင်သွားမှာ ဖြစ် ပါတယ်။ 

တရုတ်နဲ့ အမေရိကန် ရေတပ်တို့ကြား သဘောတူညီမှုအရ တရုတ် စစ်သင်္ဘောတွေဟာ အမြောက် ပစ်ခတ် မှု၊ စစ်ဆင်ရေး အမျိုးမျိုး၊ ရေကြောင်း လုံခြုံရေး လုပ်ဆောင်မှုတွေ၊ ရေကြောင်း စစ်သင်္ဘော စစ်ရေး လေ့ကျင့် မှုတွေ၊ စစ်တပ် ဆေးဝါးဖလှယ်မှုတွေ၊ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ ပေးအပ်မှုတွေ၊ သဘာဝ ဘေးအန္တရာယ် လျှော့ချရေးနဲ့ ရေငုပ် လေ့ကျင့်ခန်းတွေ လို လေ့ကျင့်မှုတွေမှာ ပူးပေါင်း လေ့ကျင့် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 လေ့ကျင့်မှုတွေ လုပ်ဆောင်နေစဉ်အတွင်း တရုတ်နဲ့ အမေရိကန် ရေတပ်တို့အကြား ဆေးပညာ ဆိုင်ရာ
ဆွေးနွေးပွဲ တစ်ခုကို ကျင်းပ ပြုလုပ်သွားမှာဖြစ်ပြီး တစ်ဖက်နဲ့ တစ်ဖက် စစ်သင်္ဘောတွေဆီ အပြန်အလှန် သွားရောက် လည်ပတ်မှုတွေ ပြုလုပ်ဖို့လည်း စီစဉ်ထားတယ်လို့ ဆိုပါတယ်။

0 မှတ်ချက်များ for "ကမ္ဘာ့အကြီးဆုံး ရေကြောင်းဆိုင်ရာ စစ်ရေးလေ့ကျင့်မှု ပထမဆုံးအကြိမ် တရုတ် ပါဝင်မည်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++