အပစ်အခတ်ရပ်စဲရေး ယူကရိန်းနှင့် ရုရှား တယ်လီဖုန်းနဲ့ ဆွေးနွေး

ယူကရိန်းအရှေ့ပိုင်း အပစ်အခတ်ရပ်စဲရေးမှာ ရုရှားနိုင်ငံရဲ့ ထောက်ခံချက်ရဖို့  ရုရှားသမ္မတဗလာ ဒီမာပူတင်နှင့် ယူကရိန်းသမ္မတ ပတ်ထရိုပိုရိုရှန်ကို က ဇွန်လ (၁၉)ရက်နေ့က တယ်လီဖုန်းနဲ့ ဆွေးနွေး ခဲ့ကြပါတယ်။ 

အပစ်အခတ် ရပ်စဲရေး၊ သုံ့ပန်းအဖြစ် ဖမ်းဆီး ထားသူတွေကို လွှတ်ပေးရေး၊ နယ်စပ်ကို ယူကရိန်းနဲ့ ရုရှား ပူးတွဲ စီမံခန့်ခွဲရေး စတဲ့ စီမံချက်တွေကို  ဆွေးနွေးခဲ့ကြပြီး ငြိမ်းချမ်းရေး ၎င်းစီမံချက်အပေါ် ထောက်ခံ အားပေးဖို့ ရုရှားသမ္မတကို သမ္မတ ပိုရိုရှန်ကိုက တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။

သမ္မတပူတင်ကတော့ ယူကရိန်း အရှေ့ပိုင်းမှာ ယူကရိန်း စစ်တပ်ရဲ့ ထိုးစစ်ဆင်မှုတွေကို ချက်ခြင်း ရပ် တန့်ပေးဖို့  တောင်းဆိုခဲ့ပြီး ဒေသတွင်းက ရုရှားမျိုးနွယ်စုတွေရဲ့ တောင်းဆိုမှုအပေါ် ဖြေရှင်းပေးဖို့ တောင်း ဆိုနေပါတယ်။ 

ယူကရိန်း နိုင်ငံ အရှေ့ဘက်ခြမ်း မှာ ရှိနေတဲ့ အစိုးရ တပ်ဖွဲ့တွေ အနေနဲ့  ၇-ရက်တိတိ တစ်ဖက်သတ် အပစ်အခတ် ရပ်စဲထားဖို့  ယူကရိန်း အစိုးရက အမိန့် ထုတ်လိုက်ပါတယ်။

0 မှတ်ချက်များ for "အပစ်အခတ်ရပ်စဲရေး ယူကရိန်းနှင့် ရုရှား တယ်လီဖုန်းနဲ့ ဆွေးနွေး"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++