ဇနီးကိုမုဒိန်းကျင့်ဖို့ ခင်ပွန်းဖြစ်သူကို အစိုးရတပ်သား ပစ်သတ်
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ နမ့်စမ့်ဂိုဒေါင်
ကျေးရွာတွင် တပ်စခန်းချရန် ရောက်ရှိ လာသည့် မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့ တပ်မ ၈၈ လက်အောက်ခံ ခြေလျင်တပ်ရင်း (ခလရ) ၁၀ က ရှမ်းရွာသားတဦးကို သေနတ်ဖြင့် ပစ်သတ် ခဲ့ကြောင်း သိရသည်။
ကျေးရွာတွင် တပ်စခန်းချရန် ရောက်ရှိ လာသည့် မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့ တပ်မ ၈၈ လက်အောက်ခံ ခြေလျင်တပ်ရင်း (ခလရ) ၁၀ က ရှမ်းရွာသားတဦးကို သေနတ်ဖြင့် ပစ်သတ် ခဲ့ကြောင်း သိရသည်။
ဇွန်
၁၇ ရက် ညပိုင်းမှာ (ခလရ) ၁၀ တပ်သား တစ်ယောက်က နမ့်စမ့်ဂိုဒေါင် ကျေးရွာတွင် ကုန်စုံဆိုင် ဖွင့်ထားသည့် ဦးဘရန်ဆိုင်း
နေအိမ်ထဲ ဝင်ရောက်ပြီး ဇနီးဖြစ်သူကို မုဒိန်းကျင့်ရန် ကြိုးစားစဉ်
ခင်ပွန်းဖြစ်သူက ဝင်ရောက်တားဆီးရာမှ ပစ်သတ် ခံရခြင်း ဖြစ်ကြောင်း ဦးစိုင်းပန်ဖက ပြောသည်။
ယင်းကိစ္စအတွက် ဒုဗိုလ်မှူး ရဲမင်းလွင်က အမှုရုပ်သိမ်းပေးရန်အတွက် ငွေကြေးများလာရောက်
ပေးအပ်ပြီး တပ်သားများ ကျေးရွာသို့ လာရောက်ကာ ပစ္စည်းနှင့် ငွေကြေးများ
တောင်းပါက ပေးစရာမလိုကြောင်း ရွာသားများတွေကို ပြောခဲ့ကြောင်း သိရသည်။
မြန်မာစစ်တပ်က ဆိုတာ သေချာတယ်။ သူတို့ရဲ့ ဒု ဗိုလ်မှူး ရဲမင်းလွင်တောင်
လျော်ကြေးငွေ ကျပ် ၅ သိန်း လာပေးပြီး အမှုပိတ်ဖို့ ပြောပါတယ်။ ဒါပေမယ့်
မယူပါဘူး။ ဦးဘရန်ဆိုင်းလည်း သေရော သူ့မိန်းမ သွေး တိုးပြီး မူဆယ်ဆေးရုံ
တင်ပေးလိုက်ရတယ်”ဟု ဆိုသည်။
မူဆယ်မြို့ ရဲစခန်းမှ တာဝန်ကျ ရဲဝန်ထမ်း တဦးကလည်း နောင်လောင်းကျေးရွာမှ
ရွာသားတဦးကို စစ်တပ်မှ တပ်သားက သေနတ် နှင့် ပစ်သတ်သည်မှာ
မှန်ကန်ကြောင်း၊ အမှုလည်း ဖွင့်ထားကြောင်း ပြောဆိုသည်။
တပ်စခန်းတည်ဆောက်ဖို့ ခလရ (၁၀) တပ်က နောင်လောင်းကျေးရွာ အုပ်စုရှိ ကျေးရွာ ၈ ရွာကို တရွာလျှင် သစ်သား အချောင်း ၂၀ နှင့် ဝါးလုံး ၅၀ လာရောက်
ပို့ဆောင်ခိုင်းပြီး ရှမ်းရွာသားတွေကို အနိုင်ကျင့်၊ ပစ်သတ် သည့်အပြင် ကျေးရွာပိုင်
ပစ္စည်းများကို ခိုးယူလုယက်မှုများ ပြုလုပ်နေကြောင်း ဒေသခံတွေက ပြောသည်။
ပြီးခဲ့သည့် မေလ ၂၉ ရက်က မူဆယ်မြို့နှင့် နမ့်ခမ်းမြို့သို့
ဆက်သွယ်ထားသည့် ကားလမ်းတွင် မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့၏ လက်ချက်ဟု ယူဆရသည့်
ပစ်ခတ်မှုကြောင့် နမ်စမ့်ကျေးရွာ ဒေသခံ ဖြစ်သူ ဦးအားရှန် အသက် ၄၂ နှစ်
နှင့် ဒေါ်နန်းအေးဌေး အသက် ၃၆ နှစ် တို့ သေဆုံးခဲ့ရသည်။


0 မှတ်ချက်များ for "ဇနီးကိုမုဒိန်းကျင့်ဖို့ ခင်ပွန်းဖြစ်သူကို အစိုးရတပ်သား ပစ်သတ်"