နိုင်ငံသားရဲ့ ဒီမိုကရေစီအခွင့်အရေး အစွမ်းကုန် ကာကွယ်ပေးမယ်လို့ စပိန်ဘုရင်အသစ် ကတိပြု ပြောကြား

စပိန်ဘုရင်ဟောင်း ဟွမ်ကားလို့စ် (Juan Carlos)က နန်းသက် နှစ်(၄၀)နီးပါး အုပ်စိုးခဲ့ပြီးနောက် သားဖြစ်သူ ဆဋ္ဌမမြောက် ဖိလစ် (Felipe VI)က ဘုရင်အဖြစ် ဇွန်လ (၁၉)ရက်နေ့က ကျန်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။


ဒီမိုကရေစီစနစ်ကို အခြေခံပြီး မျိုးဆက်သစ်တွေရဲ့ လွတ်လပ်မှုနဲ့ အခွင့်အရေးတွေကို အစွမ်းကုန် ကာကွယ်ပေးသွားမယ်လို့ စပိန်ဘုရင်အသစ်က သူရဲ့ ပထမဆုံး မိန့်ခွန်းမှာ ကတိပြု ပြောကြား ပါတယ်။

ပြည်သူ့ဘဏ္ဍာငွေနဲ့ အခွန်တွေကို အလွဲသုံးစားလုပ်တဲ့ ဖြစ်ရပ်မှာ တော်ဝင်မိသားစုလည်း ပါဝင် ပတ်သက်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ပြည်သူတွေရဲ့ ယုံကြည်မှုကို ပြန်လည် တည်ဆောက်နိုင်မယ်လို့ ဘုရင်သစ်က ပြောပါတယ်။

အခမ်းအနားကို မင်းသားရဲ့ ကြင်ယာတော် လက်တီဇီးယား (Letizia)နဲ့ သမီးတော် (၂)ပါးလည်း တက်ရောက် ခဲ့ပါတယ်။ 

ဘုရင်ဖိလစ်ဟာ မက်ဒရစ် (Madrid)မြို့တွင်းမှာ အခမ်းအနားနဲ့ စီတန်း လှည့်လည်ခဲ့ပြီး တော်ဝင်နန်းတော်ရဲ့ လသာဆောင်ကနေ ပြည်သူများရဲ့ ကြိုဆို နုတ်ဆက်မှုကို ခံယူခဲ့ပါတယ်။

0 မှတ်ချက်များ for "နိုင်ငံသားရဲ့ ဒီမိုကရေစီအခွင့်အရေး အစွမ်းကုန် ကာကွယ်ပေးမယ်လို့ စပိန်ဘုရင်အသစ် ကတိပြု ပြောကြား "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++