တရုတ်အစိုးရက အကြမ်းဖက် သမားတွေကို ပစ်သတ်

တရုတ်နိုင်ငံ ရှင်ကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုပြီးလိုချင် တဲ့ ဒေသမှာ ဖေါက်ခွဲရေးပစ္စည်း တင်ဆောင်လာ သည့် ကားတစီးကို ကက်ခ်ျဂါ ရဲစခန်းထဲ မောင်းဝင်
ဖေါက်ခွဲပြီး ပါဝင်တဲ့ လူ ၁၃ ဦးကို တရုတ်ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့တယ်လို့ တရုတ်သတင်းမှာ ဖော်ပြ ပါတယ်။


ဒီတိုက်ခိုက်မှုမှာ ရဲတပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာရသွားပေ မယ့် အရပ်သားတယောက်မှာ ထိခိုက် ဒဏ်ရာရတာ မရှိခဲ့ဘူးလို့ တရုတ်အစိုးရက တရားဝင်ပြောပါတယ်။

သဘာဝသယံဇာတ ပေါကြွယ်ဝတဲ့  တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်မှာ အခုနောက်ပိုင်းတွင် တိုက်ခိုက်မှုတွေ ဆက်တိုက် ပေါ်ပေါက်နေလို့ တရုတ်အစိုးရကလည်း ဆက်တိုက် နှိမ်နင်းနေရပါတယ်။  ဒီတိုက်ခိုက်မှုက ဆက်တိုက်ရှိခဲ့တဲ့ထဲက နောက်ဆုံးဖြစ်ပေါ်တဲ့ တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။ 
မေလ ၃၁ ရက်နေ့က ရှင်ကျန်း ပြည်နယ်ထဲက ဥရန်ကျီ မြို့မှာ တိုက်ခိုက်ရေးသမားတွေက ဈေး တခု ထဲကို ဖောက်ခွဲရေးပစ္စည်း ပစ်သွင်းဖောက်ခွဲခဲ့လို့ လူ ၃၁ ယောက်သေဆုံးခဲ့ပါတယ်။ 

တရုတ်တောင်ပိုင်းဒေသမှာ ဆိုးသွမ်းတိုက်ခိုက်သူ တဒါဇင်နဲ့ ဘေဂျင်းမြို့လယ် တီယန်နန်မင် ရင်ပြင်ကို တိုက်ခိုက်တဲ့ တခြားသုံးယောက်ကို ဒီလအစောပိုင်းမှာ အစိုးရက ကွပ်မြက်ခဲ့ပါတယ်။

0 မှတ်ချက်များ for "တရုတ်အစိုးရက အကြမ်းဖက် သမားတွေကို ပစ်သတ် "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++