၉-၆-၂၀၁၄ မှ ၁၅-၆-၂၀၁၄ ရက်နေ့အထိ (၇) ရက်သားသမီးများအတွက် ဟောစာတမ်း

တနင်္ဂနွေ
ဆောင်ရွက်ထားသည့် ကိစ္စမှန်သမျှကို အပြီးသတ်ရန် ခက်ခဲခြင်း၊ အစမှ ပြန်လည်ဆောင်ရွက်ရခြင်းမျိုး ကြုံတတ်သည်။ အလုပ်အကြံတစ်ခု မပြီးမီ နောက်တစ်ခုကို ဆောင်ရွက်ခြင်းများကြောင့် မနိုင်မနင်းဖြစ်ခြင်း များ ကြုံတတ်သည်။ အတူတွဲဖက်လုပ်နေသူများမှ သစ္စာဖောက်ခြင်းကို ဖော်ထုတ်သိရှိလိမ့်မည်။ သူတစ်ပါး လုပ်လက်စကိစ္စများကို လက်လွှဲလက်ပြောင်းလုပ်ပါက သတိနှင့် လက်ခံပါ။ ငွေပေးငွေယူ သတိရှိပါ။
>>> ယတြာ ။ ။ မွေး နေ့မှစ၍ ရေကန်တစ်ခုကို နောက်ခံထားပြီး မိမိဓာတ်ပုံ ရိုက်ကူးပြီး ဏ့သအသျအညေိ ဖြင့် ထောင်ထားပါ။
~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~
 
တနင်္လာ
လုပ်ကိုင်ဆောင်ရွက်သမျှ အဆင်ပြေ၍ အဆင့်ဆင့်တိုးတက်အောင်မြင်မည်။ အခွင့်အလမ်းများ ပေါ်လာ ပါက လက်ရဆုပ်ကိုင်မိအောင် ဆောင်ရွက်ပါ။ အကျိုးရှိမည်။ ယခင်က ပေါ့ပေါ့တန်တန် သဘောထားသည့် ကိစ္စ များကို စနစ်တကျ လေးနက်စွာ ဆောင်ရွက်ပါ။ ထူးခြားသောအကျိုးဆက် ရရှိမည်။ အနှောင့်အယှက် အားလုံးကို ကျော်လွှားပြီး အောင်မြင်ခြင်း ဖြစ်ပေါ်မည်။
>>> ယတြာ ။ ။ မွေးနေ့တွင် ဆူးပါသော နှင်းဆီကို ကစ်စမီပန်း မြေ အိုးအတွင်းထည့်၍ စိုက်ပါ။
~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~
 
အင်္ဂါ
အလုပ်နေရာ အပြောင်းအလဲ ကြံစည်နေသူများအဖို့ အမည်တွင် (အ၊ ဥ၊ က၊ ခ၊ င) ပါသူများ၏ ကူညီ ပံ့ပိုးမှုဖြင့် အလုံးစုံအဆင်ပြေမည်။ မိမိနှင့် ဆက်ဆံနေသော ဝန်းကျင်အတွင်း လူမျိုးကွဲ အကျိုးပေးမှုနှင့် တိုင်းတစ်ပါးခရီး ဖြစ်ပေါ်မည်။ မူလစီစဉ်ထားသည့် အစီအစဉ်တွင် မပါသောကိစ္စများ ဆောင်ရွက်ရခြင်း ရှိ မည်။ လက်လွန်ထားသောငွေများ ပြန်ရမည်။ ရပ်တန့်ထားသည့်ကိစ္စရပ်များကို စတင်ဆောင်ရွက်ရမည်။ အများကိစ္စ၊ အဖွဲ့အစည်းနှင့် တစ်ပါးသူကိစ္စများကို သတိနှင့် ကူညီဆောင်ရွက်ပါ။
>>> ယတြာ ။ ။ မွေးနေ့တွင် လေယာဉ်ပျံပုံစံ ငယ်တစ်ခု ဝယ်ယူပြီး အနီးဝန်းကျင်တွင် ထားပါ။
~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~
 
ဗုဒ္ဓဟူး
အလုံးစုံ တိုးတက်အဆင်ပြေမည်။ သို့သော် ဆောင်ရွက်သမျှ အဆုံးသတ်ခါနီးတိုင်း အနှောင့်အယှက် ကြုံတတ်သည်။ အထူးသတိထားပါ။ မူလအစီအစဉ်နှင့် လက်ငင်းကိစ္စများ သွေဖီသွားလင့်ကစား ရဲရဲရှေ့တိုး လုပ်ကိုင်ပါ။ အရာရာ အလွယ်တကူ မလုပ်မိပါစေနှင့်။ အချိန်ယူ စဉ်းစားပြီးမှ ဆောင်ရွက်ပါ။
>>> ယတြာ ။ ။ မွေးနေ့တွင် သံလိုက်တုံးတစ်တုံးကို ရွှေရောင်သုတ်ပြီး စက္ကူစဖြင့်ပတ်ပြီး ပိုက်ဆံအိတ်တွင် ထည့်၍ဆောင်ပါ။
~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~
 
ရာဟု
အလုပ်ပို၊ ကိစ္စပိုများ ဆက်တိုက်လုပ်ရလိမ့်မည်။ ငွေကြေးကိစ္စ စကားများရတတ်သည်။ တစ်ပါးသူ မရိုး မသား ပြုထားသည့်ကိစ္စများကို တာဝန်ယူဖြေရှင်းရခြင်းရှိမည်။ နေ့စဉ်နှင့်အမျှ စိတ်ပင်ပန်းစရာ တစ်မျိုးပြီး တစ်မျိုး ကြုံမည်။ တစ်ချက်မှားသည်နှင့် ကြီးမားသော ပြဿနာ ဖြစ်ပေါ်လာမည်။ အသစ်အဆန်းများ တီထွင် ခြင်း၊ ဆန်းသစ်အောင် လုပ်ဆောင်ခြင်း ပြုမည့်အစား လေ့လာသိရှိ ကျွမ်းကျင်ထားသည်များကို ရိုးရိုးရှင်းရှင်း အသုံးပြုပါ။ လူငယ်များအဖို့ အပေါင်းအသင်းများနှင့် အချိန်ဖြုန်းမနေသင့်။
>>> ယတြာ ။ ။ မွေးနေ့ညနေပိုင်းတွင် စာရွက်ဖြူပေါ်တွင် ငှက်မွေးကို ကော်ဖြင့်ကပ်ပြီး ဓာတ်ပုံမှန်ဘောင်သွင်းပြီး မိမိနံဘေးတွင် ထားပါ။
~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~
 
ကြာသပတေး
စိတ်လွတ် ကိုယ်လွတ် ဖြစ်တတ်သည်။ အမှားများမည်။ ဆောင်ရွက်ရန် သင့် မသင့် မချင့်ချိန်ဘဲ လုပ်ကိုင် ခြင်းများကြောင့် စိတ်ရှုပ်စရာများ ကြုံတွေ့နိုင်သည်။ ရန်ညှိုးရန်စရှိသူများနှင့် ခိုက်ရန်ဖြစ်ခြင်း ကြုံတတ်သည်။ ယာဉ်ကားမောင်းနှင်သူများအဖို့ စက်ချို့ယွင်းသော အခြားကားများကြောင့် လမ်းအန္တရာယ် ကြုံတတ်သည်။ အထင်မှားမှုအချို့ ဖြေရှင်းရမည်။ သူတစ်ပါး လိမ်လည်ထားသော စာရင်းများ၊ ပြဿနာဖြစ်နေသည့်ကိစ္စများကို လိုက်လံကူညီဆောင်ရွက်ပေးရမည်။
>>> ယတြာ ။ ။ မွေးနေ့တွင် ရွှေရောင်ခေါင်းလောင်းတစ်ခု၊ ငွေရောင်ခေါင်းလောင်း တစ်ခု ဖဲကြိုးအနီဖြင့် ချည်နှောင်ပြီး အမြင့်တစ်နေရာတွင် ချိတ်ဆွဲပါ။

~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~
 
သောကြာ
သူတစ်ပါးနှင့် တွဲဖက်လုပ်သောကိစ္စများမှ ထူးခြားသော အကျိုးဆက်များ ရရှိမည်။ ကြီးကဲသူများထံမှ အထောက်အကူကောင်း ရမည်။ ဤရက်အတွင်း မိမိ၏ တွေးခေါ်ပုံ၊ စဉ်းစားပုံ၊ လုပ်ကိုင်ပုံများသည် အခြားသူများ နှင့်မတူ တစ်မူထူးခြားနေမည်။ ပျော်ပါးစွာ နေလိုသောစိတ် နည်းပါးနေမည်။ များမကြာမီ ဆောင်ရွက်ရန် စိတ်ကူးထားသော လုပ်ငန်းများကို တစ်ကိုယ်တော် အေးအေးဆေးဆေး လုပ်ကိုင်ရန် စီစဉ်စိတ်ကူးနေမည်။ စိတ်ကူးခြင်း၊ စိတ်ဆတ်ခြင်းများကြောင့် ခိုက်ရန်ဖြစ်တတ်သည်။
>>> ယတြာ ။ ။ မွေးနေ့တွင် မိမိ၏ အလုပ်ခန်း၊ နေအိမ်တို့တွင် သုံးသော ခန်းဆီးလိုက်ကာများကို အသစ်သုံးစွဲပါ။
~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~
 
စနေ
တီထွင်ဆန်းသစ်ပြီး လုပ်ကိုင်ဆောင်ရွက်သည့်ကိစ္စအပေါ် သူတစ်ပါးက လက်ခံသဘောကျ မည်။ မြှုပ်နှံ ထား သော အရာများမှ ကောင်းသောအကျိုးဆက် ရရှိမည်။ ငွေရေး ကြေးရေးနှင့် လုပ်ငန်းရေးရာ အဖြာဖြာတွင် အထူးကောင်းခြင်းနှင့် အဆင်ပြေခြင်း ဖြစ်ပေါ်မည်။ မိသားစုတွင် အချိန်ကို စောင့်ဆိုင်းခြင်း မရှိဘဲ အလောတ ကြီး ဆောင်ရွက်မှုများကြောင့် ဖြစ်ပေါ်နေသည်များအပေါ် လိုက်လံကူညီဖြေရှင်းပေရမည်။ အိုးအိမ်ခြံမြေနေရာ ထိုင်ခင်းအတွက် စကားပြောဆိုရမည်။ ပစ္စည်း ရောင်းမှား ဝယ်မှား ဖြစ်တတ်သည်။
>>> ယတြာ ။ ။ မွေးနေ့တွင် အနီရောင် နှင်းဆီပန်း ၁၁ ပွင့်ကို ဖန်ပန်းအိုးအတွင်း ထိုးပြီး စားပွဲပေါ်တွင် တင်ထားပါ။

___စံဇာဏီဘို

0 မှတ်ချက်များ for "၉-၆-၂၀၁၄ မှ ၁၅-၆-၂၀၁၄ ရက်နေ့အထိ (၇) ရက်သားသမီးများအတွက် ဟောစာတမ်း"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++