လည်ချောင်းနာခြင်းအတွက် အကောင်းဆုံး ကုသနည်း

လည်ချောင်း နာပြီဆိုရင် အစားစားရတာ အဆင်မပြေ ဖြစ်တတ်ပါတယ်။ 

ထို့ပြင် လည်ချောင်းက ခဏခဏ ယားယံကာ
ချောင်းလည်း ဆိုးပါတယ်။ 

ထိုရောဂါများကို သက်သာစေမည့် အိမ်တွင်း နည်းဖြင့် ရောဂါ ကုထုံးများကို ရေးသား လိုက်ရ ပါတယ်။

(၁) ဆားဖြင့် ပုလုပ်ကျင်းပေးပါ။ ဆားဖြင့်ပလုပ်ကျင်း တာက ခတွင်းအတွင်းမှာ ရှိတဲ့ အညစ်အကြေးတွေ ကို သန့်ရှင်းစင်ကြယ် စေပါတယ်။

(၂) ပျားရည် သောက်ပါ။ တစ်နေ့ကို လက်ဖက်စားဇွန်း တစ်ဇွန်း (သို့) နှစ်ဇွန်း လောက် သောက်ပေးပါ။ အိပ်ယာဝင်ခါနီး သောက်တာက ရောဂါအတွက် ပိုမိုသက်သာ စေပါလိမ့်မယ်။

(၃) သံပုရည် သောက်ပါ။ သံပုရာရည် သောက်ရာတွင် ရေကြက်အေး ပျားရည် ဆား စတာတွေကို ရောစပ် ကာ သောက်ပါက ပိုမိုပြီး သက်သာပါလိမ့်မယ်။

(၄) ကြက်သွန် ဖြူစားပါ။ ကြက်သွန်ဖြူက ဟင်းချက်ရာမှ အဓိက သုံးတယ်ဆိုပေမယ့် ထိုကြက်သွန်ဖြူကို အစိမ်းလိုက် စားပေးပါ။

အထက်ပါ နည်းလမ်းများကို လုပ်ဆောင်ပါက သင်၏ လည်ချောင်းနာ ဝေဒနာကြီး သက်သာပါလိမ့်မယ်။

___ကျော်လင်းနိုင်

0 မှတ်ချက်များ for "လည်ချောင်းနာခြင်းအတွက် အကောင်းဆုံး ကုသနည်း"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++