ငြိမ်းချမ်းရေးဆုတောင်းပွဲ တက်လာကြတဲ့ အစ္စရေးနဲ့ ပါလက်စတိုင်း သမ္မတတွေကို ပုပ်ရဟန်းမင်းကြီးကြိုဆို

ရောမမြို့ ဗာတီကန် နန်းတော်မှာ ဝတ်ပြုဆုတောင်းပွဲ တက်လာကြတဲ့ အစ္စရေးနဲ့ ပါလက်စတိုင်း သမ္မတတွေကို ပုပ်ရဟန်း မင်းကြီး ဖရန်ဆစ်က ကြိုဆိုခဲ့ပါတယ်။

အစ္စရေး သမ္မတ Shimon Peres နဲ့ ပါလက်စတိုင်း သမ္မတ Mahmoud Abbas တို့ ပုပ်ရဟန်းမင်းကြီး နန်းတော် အပြင်ဘက်မှာ တွေ့ဆုံခဲ့ကြပြီး ဒီဗာတီကန် နန်းတော် ဥယျာဉ်ထဲက ငြိမ်းချမ်းရေး ဆုတောင်းပွဲ အခမ်းအနားမှာ အရှေ့ ရောမ ခရစ်ယာန် ဂိုဏ်းက ဂိုဏ်းချုပ်ကြီး Bartholomew လဲ တက်ရောက် ခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးက သမ္မတ ၂ ယောက်လုံးကို အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအတွက်သတ္တိရှိရှိ အဖြေရှာ ကြိုးပမ်းသွားကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ခရစ်ယာန်၊ မွတ်ဆလင်နဲ့ ဂျုးဘာသာဝင်တွေ စုပေါင်းဝတ်ပြုခဲ့ကြတဲ့ ဒီဆုတောင်းပွဲအပြီး သူတို့ လက်ဆွဲ နှုတ်ဆက်ခဲ့ကြပြီး ငြိမ်းချမ်းရေး အထိမ်းအမှတ် သံလွင်ပင် တပင်ကိုလဲ စိုက်ပျိုးခဲ့ကြပါတယ်။

အရှေ့ အလယ်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ သူ့အနေနဲ့ ဘာမှတိုက်ရိုက် ဆွေးနွေးညှိနှိုင်းပေးမှာ မဟုတ်ဘူးလို့လဲ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်က ပြောကြားခဲ့ပါတယ်။

0 မှတ်ချက်များ for "ငြိမ်းချမ်းရေးဆုတောင်းပွဲ တက်လာကြတဲ့ အစ္စရေးနဲ့ ပါလက်စတိုင်း သမ္မတတွေကို ပုပ်ရဟန်းမင်းကြီးကြိုဆို"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++