မူဆလင်ညီအကိုတော်များအဖွဲ့ဟာ အီဂျစ်မှာအနာဂတ်မရှိဘူး လို့ ပြောခဲတဲ့ စစ်ဦးစီးချုပ်ဟောင်း အီဂျစ်သမ္မတဖြစ်လာ
မူဆလင် ညီအကိုတော်များအဖွဲ့ဟာ အီဂျစ်မှာ အနာဂတ်မရှိဘူးလို့ ပြောခဲ့တဲ့ စစ်ဦးစီး ချုပ်ဟောင်း Abdel Fattah el-Sissi ဟာ အီဂျစ်နိုင်ငံ သမ္မတ
ရွေးကောက်ပွဲမှာ အငြင်းပွားစရာ မရှိအောင်ကို မဲအပြတ်အသတ်နဲ့ အနိုင်ရပြီး အီဂျစ်သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆို လိုက်ပြီ ဖြစ်ပါတယ်။
ရွေးကောက်ပွဲမှာ အငြင်းပွားစရာ မရှိအောင်ကို မဲအပြတ်အသတ်နဲ့ အနိုင်ရပြီး အီဂျစ်သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆို လိုက်ပြီ ဖြစ်ပါတယ်။
Mr. Sissi ဟာ အီဂျစ်နိုင်ငံမှာ စစ်တပ်ဖက်ကလာတဲ့ ပဉ္စမမြောက် သမ္မတ ဖြစ်ပါတယ်။ Cairo မြို့တော်က အခြေခံဥပဒေတရားရုံးမှာ ဒီကနေ့ တနင်္ဂနွေနေ့မှာပဲ ကျမ်းသစ္စာ ကျိန်ဆိုတဲ့ အခမ်းအနား ကျင်းပ သွားပါတယ်။
Islam ဝါဒီ သမ္မတ Mohamed Morsi ကို သူ့ရဲ့စစ်တပ်နဲ့ ဖြုတ်ချပြီးနောက် တနှစ်နီးပါးအကြာမှာ အခုလို Mr. Sissi အာဏာရလာတာဖြစ်ပါတယ်။
နိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေ နဲ့ နိုင်ငံရဲ့ ပျက်ဆီးနေတဲ့ စီးပွားရေးအခြေအနေအပါအဝင် အခက်အခဲတွေနဲ့ သမ္မတသစ် ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံဟာ ဖြုတ်ချခံသမ္မတဟောင်း Hosni Mubarak လက်ထက်ကလို တဦးယောက်တည်းရဲ့ သြဇာနဲ့ အုပ်ချုပ်တဲ့ နိုင်ငံမျိုး ပြန်ဖြစ်သွားမှာကို Mr. Sissi ကို ဆန့်ကျင်သူတွေ စိုးရိမ်ကြကြောင်း ထုတ်ပြော လာကြပါတယ်။
Mr. Sissi ဟာ သမ္မတ Mubarak လက်အောက်မှာတုန်းက စစ်ထောက်လှမ်းရေး အကြီးအကဲ ဖြစ်ပြီး လွန်ခဲ့တဲ့ ၂ နှစ်ကတော့ နောက်ထပ် သမ္မတ Mohamed Morsi က သူ့ကို စစ်ဦးစီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ရာထူးပေးအပ် ခဲ့တာဖြစ်ပါတယ်။


0 မှတ်ချက်များ for "မူဆလင်ညီအကိုတော်များအဖွဲ့ဟာ အီဂျစ်မှာအနာဂတ်မရှိဘူး လို့ ပြောခဲတဲ့ စစ်ဦးစီးချုပ်ဟောင်း အီဂျစ်သမ္မတဖြစ်လာ "