၂၀၁၄ ကမ္ဘာ့ဘောလုံးပြိုင်ပွဲကြီး ဖွင့်ပွဲအခမ်းအနားကို ယနေ့ည ၁၁း၃၀ နာရီ အချိန်မှာ စတင်မည်
တမ္ဘာဘာလုံးက ဘောလုံးဝါ သနာအိုးတွေရော
ဘောလုံး ဝါသနာမပါသူတွေပါ စိတ်ဝင်တစားစောင့် ကြည့်ကြမယ့် ၂၀၁၄ ကမ္ဘာ့ဘောလုံးပြိုင်ပွဲကြီး ဖွင့်ပွဲအခမ်းအနားကို ဘရာဇီးနိုင်ငံ ဆော်ပေါ်လို (Sao Paulo) မြို့ရှိ Itaquerao
Stadium မှာ ဘရာဇီး စံတော်ချိန် နေ့လည် (2 )နာရီ {မြန်မာစံတော်ချိန် ယနေ့ည (11:30)} စတင်ကျင်းပသွားမှာ ဖြစ်ပြီး ပထမ ပွဲစဉ်အဖြစ် ကစားမယ့် ဘရာဇီး Vs ခရိုအေးရှား ပွဲစဉ်ကို
ဘရာဇီး စံတော်ချိန် ညနေ(5) နာရီ {မြန်မာစံတော်ချိန် 13/62014 (2:30 AM)} မှာ စတင်မှာဖြစ်ပါတယ်။
ဖွင့်ပွဲမှာတော့ စီစဉ်ထားတဲ့အတိုင်း နာမည်ကြီးအဆိုတော် Jennifer Lopez နဲ့ Pitbull တို့က ဒီနှစ် ကမ္ဘာ့ ဖလားပွဲ သီချင်းဖြစ်တဲ့ 'We Are One (Ole Ola)' ဆိုတဲ့ သီချင်းကို သီဆိုဖျော်ဖြေကြမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပွဲမတိုင်ခင် အစိုးရဆန့်ကျင် ဆန္ဒပြမှုတွေ ဘရာဇီးလ်မှာ ရှိခဲ့ပေမဲ့ ဘောလုံးပွဲကာလအတွင်း ခွင့်ပြုမှာ မဟုတ်ဘူးလို့ အစိုးရက ပြောထားပါတယ်။
လုံခြုံရေးကိုလည်း အထူး တင်းကျပ်ထားပါတယ်။ ဗိုလ်လုပွဲဝင်ကြမယ့် နိုင်ငံတကာ အသင်းတွေလည်း ဘရာဇီးလ်မှာ ရောက်နေကြပြီး ပြင်ဆင်လေ့ကျင့်နေကြပါတယ်။
ဖွင့်ပွဲ တိုက်ရိုက်ကြည့်ရှူ့ရန်
ဖွင့်ပွဲ တိုက်ရိုက်ကြည့်ရှူ့ရန်

0 မှတ်ချက်များ for "၂၀၁၄ ကမ္ဘာ့ဘောလုံးပြိုင်ပွဲကြီး ဖွင့်ပွဲအခမ်းအနားကို ယနေ့ည ၁၁း၃၀ နာရီ အချိန်မှာ စတင်မည်"