မိုဆူလ်မြို့ကို အကြမ်ဖက်သမား သိမ်းပိုက်လိုက်တာကြောင့် - ထောင်ပေါင်းများစွာသော မြို့ခံတွေက ကာဒစ်စတန်ထဲ ထွက်ပြေး ခိုလှုံနေရ
အီရတ်နိုင်ငံမြောက်ပိုင်းက အရေးပါတဲ့ မိုဆူလ်မြို့ကို အကြမ်ဖက်သမား ISIS ခေါ် ISIL အစ္စလာမစ် ဂျီဟာ့ဒ်အဖွဲ့က သိမ်းပိုက်လိုက်တာကြောင့်
ထောင်ပေါင်းများစွာသောမြို့ခံတွေက အနီးက ကာဒစ် စတန်ထဲ ထွက်ပြေး ခိုလှုံခဲ့ကြရပါတယ်။
ထောင်ပေါင်းများစွာသောမြို့ခံတွေက အနီးက ကာဒစ် စတန်ထဲ ထွက်ပြေး ခိုလှုံခဲ့ကြရပါတယ်။
Mosul မြို့မှာ နောက်ထပ် အကြမ်းဖက်မှုတွေဖြစ် လာမှာ စိုးရိမ်တာကြောင့်
လူပေါင်း ၅ သိန်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတယ်လို့ IOM ခေါ်တဲ့
ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်းက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်းက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
အနားမှာရှိတဲ့ ကာကွတ် ပြည်နယ်ကိုလည်း အစ္စလာမစ်လက်နက်ကိုင်အဖွဲ့က ထိန်းချုပ်ထားလိုက်ပြီဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
အစ္စလာမစ်လက်နက်ကိုင်တွေကို မခုခံနိုင်တဲ့ အီရတ် စစ်သားတွေ စီးနင်းလိုက်ပါလာတဲ့ သံချပ်ကာ ကားတွေကို မိုဆူလ်မြို့က လူငယ်တွေက ခဲတွေနဲ့ ဝိုင်းပေါက်ခဲ့ကြပါတယ်။
ဒေသတခုလုံးအပေါ် အစ္စလာမစ်အဖွဲ့ရဲ့ အန္တရာယ် ကျရောက်နေပြီလို့ အမေရိကန်အစိုးရက သတိပေး
ပြောကြားလိုက်ပြီး ISIL ရဲ့ အန္တရာယ်ဟာ အီရတ်နိုင်ငံကိုရော အီရတ်နိုင်ငံ တည်ငြိမ်ရေးကိုပါမက
ဒေသတခုလုံးကိုပါ ခြိမ်းခြောက်လာနေပြီမို့ တနေ့တခြားကြီးထွားလာနေတဲ့ လက်နက်ကိုင်တွေရဲ့ အန္တရာယ်ကို ဆန့်ကျင်တိုက်ဖျက်ဖို့ အီရတ်ပြည်သူတွေ သွေးစည်း ညီညွတ်ကြပါလို့ ဝါရှင်တန်မြို့မှာ ကျင်းပတဲ့သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီး Jen Psaki က ပြောသွားပါတယ်။

0 မှတ်ချက်များ for "မိုဆူလ်မြို့ကို အကြမ်ဖက်သမား သိမ်းပိုက်လိုက်တာကြောင့် - ထောင်ပေါင်းများစွာသော မြို့ခံတွေက ကာဒစ်စတန်ထဲ ထွက်ပြေး ခိုလှုံနေရ"