အစ္စလာမ္မစ် စစ်သွေးကြွတွေကို ခုခံရေး အီရတ်ကို အမေရိကန် ကူညီမယ်
အယ်ခိုင်ဒါအစွယ်အပွား ISIS တပ်တွေ သိမ်းပိုက်လာရင် အီရတ်ကို အမေရိကန်နဲ့ နိုင်ငံတကာရဲ့ အကူအညီ လိုလာတာကြောင့် အထိရောက်ဆုံး ကူညီဖို့ ပြင်ဆင်နေ တယ်လို့ သမ္မတအိုဘားမားက ပြောကြားလိုက်ပါတယ်။
အီရတ် မြောက်ပိုင်းမှာ သောင်းကျန်းနေတဲ့ အစ္စလာမ္မစ် စစ်သွေးကြွတွေကို
ခုခံဖို့ အီရတ်သို့ အမေရိကန်တပ်တွေ
ပြန်လွှတ်မှာမဟုတ်ဘဲ အီရတ်အစိုးရကို လေကြောင်း စစ်ဆင်ရေးအပါအဝင် နည်းလမ်းစုံကူညီဖို့ စဉ်းစားနေတယ်လို့ အိုဘားမားက ဆိုပါတယ်။
ပြန်လွှတ်မှာမဟုတ်ဘဲ အီရတ်အစိုးရကို လေကြောင်း စစ်ဆင်ရေးအပါအဝင် နည်းလမ်းစုံကူညီဖို့ စဉ်းစားနေတယ်လို့ အိုဘားမားက ဆိုပါတယ်။
အရှေ့ပိုင်းက Diyala ခရိုင်မှာ စစ်သွေးကြွတွေ သိမ်းပိုက်နိုင်နေပေမယ့် ဆမာရာမြို့ အနောက်ဘက်မှာတော့ အီရတ်အစိုးရက လေကြောင်း ထိုးစစ်ကြောင့် သူပုန်တွေ ရှေ့ဆက် မတိုးနိုင် ဖြစ်နေပါတယ်။
တိကရစ်နဲ့ မိုဆူး မြို့တွမှာလဲ သိမ်းထားတဲ့ ISIS စစ်သွေးကြွတွေကို အီရတ်အစိုးရက လေကြောင်းက စစ်ဆင်နေတယ်လို့ သိရပါတယ်။
အစ္စလာမ္မစ် စစ်သွေးကြွတွေကတော့ ဘဂ္ဂဒက်ထိ ဆက်ချီတက်မယ်လို့ ကြုံးဝါးနေလို့ ဘဂ္ဂဒက် မြိုတော်က လူထုမှာတော့ စိုးရိမ် ထိတ်လန့်မှုတွေ တိုးပွားနေပါတယ်။
ဒီတိုက်ပွဲ တွေကြားထဲမှာပဲ ကာ့ဒ် တပ်သားတွေကလဲ အီရတ်ရဲ့ အဓိကရေနံ မြို့ကြီး ဖြစ်တဲ့ Kirkuk မြို့ကို သိမ်းပိုက်ထားလိုက်ပါတယ်။


0 မှတ်ချက်များ for "အစ္စလာမ္မစ် စစ်သွေးကြွတွေကို ခုခံရေး အီရတ်ကို အမေရိကန် ကူညီမယ်"