ဆူနီသူပုန်တွေက အရေးပါတဲ့ အီရတ်နယ်စပ်မြို့ကို ထပ်မံ သိမ်းပိုက်
အီရတ်နိုင်ငံအနောက်ပိုင်း Anbar ခရိုင်အတွင်းက Qaim ၊ Rawa ၊ Ana နဲ့ Rutba
မြို့တို့ကို ISIL လို့ ခေါ်တဲ့ ဆူနီသူပုန်
တွေက သိမ်းပိုက်လိုက်သလို ဆီးရီးယားနဲ့ဂျာ် ဒန်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အယ်လ်ဝါလိထ် (al-Walid) မြို့ကိုလည်း ထပ်မံသိမ်းပိုက် လိုက်ပြီးလို့ အီရတ်လုံခြုံရေး တပ်ဖွဲ့တွေက ပြောပါတယ်။
တွေက သိမ်းပိုက်လိုက်သလို ဆီးရီးယားနဲ့ဂျာ် ဒန်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အယ်လ်ဝါလိထ် (al-Walid) မြို့ကိုလည်း ထပ်မံသိမ်းပိုက် လိုက်ပြီးလို့ အီရတ်လုံခြုံရေး တပ်ဖွဲ့တွေက ပြောပါတယ်။
သောကြာနေ့တုန်းက အနီးဝန်းကျင်မှာရှိတဲ့ မြို့ ၄ မြို့ကို သိမ်းပိုက်ခဲ့ပြီး နောက်ထပ် သိမ်းပိုက်လိုက်တဲ့ မြို့တွေ လည်း ဖြစ်ပါတယ်။
ဒီလိုနယ်စပ် စခန်းတွေ သိမ်းနိုင်တာကြောင့် ISIL သူပုန်
တွေဟာ စစ်ပွဲဖြစ်တဲ့နေရာတွေကို စစ်လက်နက် ပစ္စည်း
တွေ သယ်ယူပို့ဆောင်နိုင်သလို ဆီးရီးယားနဲ့ အီရတ် အကြား သီးခြားအစ္စလာမ်မစ်နိုင်ငံ တည်ထောင်နိုင်ရေး ISIL သူပုန်တွေဟအတွက် ရှေ့တဆင့် တိုးလာယ်လို့ အကဲခတ်သူတွေက ပြောစ်ပါတယ်။

နယ်စပ်ဖြတ်ကျော်ဂိတ် သူပုန်တွေလက်ထဲ ရောက်သွားပြီဖြစ်တဲ့အတွက်
ဂျော်ဒန်နိုင်ငံကလည်း သူ့ဖက်က နယ်ခြားစောင့်တပ်တွေကို
တိုးချဲ့ချထားလိုက်ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က
ဒေသတွင်း မြို့တော်တခုဖြစ်တဲ့ Ramadi မှာ အီရတ် ရဲတပ်ဖွဲ့အရာရှိတဦးရဲ့
အသုဘ လိုက်ပို့နေကြတဲ့သူတွေကို ပစ်မှတ်ထားတဲ့ အသေခံဗုံးခွဲ တိုက်ခိုက်မှုမှာ အနည်းဆုံး လူ ၆ ဦး
သေဆုံး ခဲ့ ပါတယ်။
အီရတ်နိုင်ငံမှာ သူပုန်တွေ အင်အားပိုကောင်းလာပြီး အရှေ့အလယ်ပိုင်း ဒေသတခုလုံး မတည်ငြိမ်မှုတွေ
ဖြစ်ပေါ်စေနိုင်တယ်လို့ အမေရိကန်သမ္မတ Barack Obama က သတိပေး ပြောကြားလိုက်ပါတယ်။

0 မှတ်ချက်များ for "ဆူနီသူပုန်တွေက အရေးပါတဲ့ အီရတ်နယ်စပ်မြို့ကို ထပ်မံ သိမ်းပိုက်"