ရဲဘော် ၅ ဦးကို ပစ်သတ်တဲ့ တောင်ကိုရီးယား တပ်ကြပ်ကြီးကို ဖမ်းမိ

ရဲဘော်ရဲဘက် စစ်သား ၅ ဦးကို သေနတ်နဲ့ ပစ် သတ်ပြီး ထွက်ပြေးတိမ်းရှောင်နေခဲ့တဲ့ တောင် ကိုရီးယား တပ်ကြပ်တစ်ယောက်ကို ဖမ်းဆီး မိထားပြီ လို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

စနေနေ့ည တုန်းက အသက် ၂၂ အရွယ် လင်မ် ဆိုတဲ့ တပ်ကြပ်ဟာ ရဲဘော်ရဲဘက် စစ်သား ၅ ဦးကို သေနတ်နဲ့ ပစ်သတ်ကာ တခြားလူ ၇ ဦးကို ဒဏ်ရာရသွားခဲ့ပြီး  သစ်တောထူထပ်သည့် ဒေသတွင် တိမ်းရှောင်ခိုအောင်းနေပြီးတော့ သူ့ကိုယ်သူ သတ်သေရန် ကြိုးစားရာမှ စစ်ဘက်က ဖမ်းမိပြီး သူ့ကို ဆေးရုံ တင်ထားတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

ရိုင်ဖယ်သေနတ်နဲ့ ထွက်ပြေးလွတ်မြောက်သွားတဲ့ တပ်ကြပ်ကြီး လင်မ်က သူ့ကို လိုက်ရှာတဲ့ တပ်ဖွဲ့ဝင်တွေ ကို ပြန်လည် ပစ်ခတ်ခဲ့တဲ့အတွက် တပ်ဖွဲ့ ခေါင်းဆောင် ဒဏ်ရာရသွားခဲ့ပါသေးတယ်။

ဇွန် ၂၃ ရက်နေ့မှာ စစ်သုံးရဟတ်ယာဉ်များ၏ အကူအညီဖြင့် အထူးတပ်ဖွဲ့တွေက သတ်မှတ်ဧရိယာကို တဖြည်းဖြည်းချင်း နယ်ကျဉ်းလာအောင် ဝန်းရံချဉ်းကပ်ပြီး ပိတ်ဆို့ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရဲဘော်ရဲဘက်တွေကို ဘာ့ကြောင့် ခုလို ရန်ရှာတိုက်ခိုက်ခဲ့တာလဲဆိုတာ အသေအချာ မသိရပေမယ့် တပ်ကြပ်ကြီး လင်မ်ဟာ စိတ်ရောဂါ ရှိခဲ့ဖူးတယ်လို့ ယူဆရပါတယ်။

0 မှတ်ချက်များ for "ရဲဘော် ၅ ဦးကို ပစ်သတ်တဲ့ တောင်ကိုရီးယား တပ်ကြပ်ကြီးကို ဖမ်းမိ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++