စစ်သွေးကြွ ၈ ဦးကို ဘင်္ဂလားဒေ့ရှ်မှာ သေဒဏ်ချမှတ်

နှစ်သစ်ကူးပွဲတော် ကျင်းပတာဟာ အစ္စလာမ် အယူနဲ့ မကိုက်ညီဘူးလို့ ဂျီဟတ်အဖွဲ့က သတ်မှတ် ထားပြီးတော့ ဘင်္ဂလားဒက်ရှ် နိုင်ငံမှာ နှစ်သစ်ကူး ပွဲတော် ကျင်းပနေတာကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ အစ္စလန် စစ်သွေးကြွအဖွဲ့ထဲက ၈ ယောက်ကို  ဘင်္ဂလားဒက်ရှ် တရားရုံးက သေဒဏ်ချမှတ် လိုက်ပါတယ်။

ဘင်္ဂလားဒက်ရှ် တရားရုံးက တနင်္လာနေ့မှာ ၈ ဦးကို သေဒဏ်ချမှတ်ခဲ့ပြီး ၆ ယောက် ကိုတော့ တသက် တကျွန်း ပြစ်ဒဏ် စီရင်ခဲ့ပါတယ်။ 

စစ်သွေးကြွအဖွဲ့ဖြစ်တဲ့ Harkatul Jihad အဖွဲ့ခေါင်းဆောင် Mufti Abdul Hannan လည်း သေဒဏ် အချမှတ် ခံရပါတယ်။

၂၀၀၁ ခုနှစ်က ဒက္ကာမှာ ဗုံးဖေါက်ခွဲ တိုက်ခိုက်မှုကြောင့် လူပေါင်း ဆယ်ဦး သေဆုံးခဲ့ရပြီး ဒါဇင်နဲ့ချီတဲ့သူတွေ ဒဏ်ရာရခဲ့ကြတာ ဖြစ်ပါတယ်။

0 မှတ်ချက်များ for "စစ်သွေးကြွ ၈ ဦးကို ဘင်္ဂလားဒေ့ရှ်မှာ သေဒဏ်ချမှတ်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++