အာဖဂန် နစ္စတန်နိုင်ငံ အရှေ့ပိုင်း ရှိ နေတိုးတပ်စခန်းတခုကို တာလီဘန် စစ်သွေးကြွ တိုက်ခိုက်

အာဖဂန် နစ္စတန်နိုင်ငံ အရှေ့ပိုင်း နန်ဂါဟာခရိုင်မှာ အခြေချ တဲ့ နေတိုးတပ်စခန်းတခုကို ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့ က တာလီဘန် စစ်သွေးကြွ တိုက်ခိုက်ခံခဲ့ ရတယ်လို့ အာဖဂန်အရာ ရှိတွေက ပြောပါတယ်။ 

တာလီဘန် အသေခံ ဗုံးခွဲသမား ၄ ယောက်ပါတဲ့ ကားက  ပါကစ္စတန်နဲ့ နယ်စပ်အခြေစိုက် တော်ခမ် – ခိုင်ဘာ တောင်ကြား နယ်စပ်ဖြတ်ကူးရေး Taliban attack Nato2  စခန်းထဲ မနက် ၄ နာရီခွဲလောက်မှာ ၀င်လာတပြီး လောင်စာနဲ့ တခြားရိက္ခာတွေ တင်ထားတဲ့ ကုန်ကား ၃၇ စီး ဖောက်ခွဲခဲ့လို့ မီးလောင်ပျက်စီး ကုန်ပြီး  တာလီဘန် စစ်သွေးကြွနဲ့ ရဲတွေ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့  တော်ခမ် ရဲတပ်ရင်း
ခေါင်းဆောင် မိုဟာမက်ဟာဆန်က  ပြောပါတယ်။ 

တာလီဘန်အဖွဲ့ရဲ့ ပြောခွင့်ရ ဇဗီအူလာ မူဂျာဟစ်ကလည်း ဒီတိုက်ခိုက်မှုကို စစ်သွေးကြွတွေ လုပ်တာလို့ အတည်ပြုပါတယ်။ 

ဒီနေရာဟာ ကုန်းတွင်းပိတ်နိုင်ငံဖြစ် အာဖဂန်နစ္စတန်မှာ နေတိုးခေါင်းဆောင်တဲ့ တပ်တွေအတွက် အဓိက ပံ့ပိုးရေးလမ်းကြောင်းလည်း ဖြစ်ပါတယ်။ နယ်စပ် ၂ ဖက်လုံးက စစ်သွေးကြွတွေက နေတိုးခေါင်းဆောင်တဲ့ တပ်တွေအတွက် ထောက်ပံ့ရေးယာဉ်ကြောကို တိုက်လာတာ နှစ်တွေနဲ့ ချီနေပါပြီလို့လည်း ပြောပါတယ်။ 

တာလီဘန်တွေဟာ ပြီးခဲ့တဲ့ ဇွန် ၁၄ နေ့က သမ္မတရွေးကောက်ပွဲ ဒုတိယအသုတ်မှာလည်း တိုက်ခိုက်မှုတွေ လုပ်ခဲ့လို့ လူအတော်များများ သေဆုံးပါတယ်။ 

0 မှတ်ချက်များ for "အာဖဂန် နစ္စတန်နိုင်ငံ အရှေ့ပိုင်း ရှိ နေတိုးတပ်စခန်းတခုကို တာလီဘန် စစ်သွေးကြွ တိုက်ခိုက်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++