တပ်ကြပ်ကြီးကိုယ်တိုင် ပစ်သတ်ခဲ့လို့ တောင်ကိုရီးယား ရဲဘော် ၅ ဦးသေ ၇ ဦး ထိခိုက်ဒဏ်ရာရ
မြောက်ကိုရီးယားနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့နေ ရာ ဆိုးလ်မြို့ရဲ့ အရှေ့ဖက် Gangwon ခရိုင်မှာ တာဝန် ကျနေတဲ့ တပ်ကြပ်က ဇွန်လ ၂၁ ရက်နေ့မှာ သေ နတ်နဲ့
ပစ်ခတ်ခဲ့လို့
တောင်ကိုရီးယားရဲဘော် ၅ ဦးသေ ၇ ဦး ထိခိုက်ဒဏ်ရာ ရသွားခဲ့ပြီး ပစ်ခတ် ခဲ့တဲ့သူက ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။
ဘာကြောင့်ပစ်ခတ်ရတယ်ဆိုတာ
အသေအချာ မသိရှိသေးပေမယ့် အဆိုပါ တပ်ကြပ်ကြီးဟာ ရဲဘော်တွေ ကို သူ့ရဲ့ရိုင်ဖယ်နဲ့ ပစ်ခတ်လိုက်ပြီး သူ့သေနတ် နဲ့အတူ ထွက်ပြေးသွားတယ်လို့
တောင်ကိုရီးယား စစ်ဖက်အရာရှိတွေက ပြောပါတယ်။
နောက်ထပ်ပစ်ခတ်မှုတွေ မဖြစ်အောင် အမြန်ဆုံး ဖမ်းဆီးနိုင်ရေးကိုလည်း လုပ်ဆောင်နေပါတယ်လို့ လည်း ပြောဆိုပါတယ်။
နောက်ထပ်ပစ်ခတ်မှုတွေ မဖြစ်အောင် အမြန်ဆုံး ဖမ်းဆီးနိုင်ရေးကိုလည်း လုပ်ဆောင်နေပါတယ်လို့ လည်း ပြောဆိုပါတယ်။
ဒီပစ်ခတ်မှုမှာ မြောက်ကိုရီးယားရဲ့ ပါဝင်ပတ်သက်မှုရှိတယ်ဆိုတဲ့
အထောက်အထားတွေတော့ မတွေ့ ရသေးပေမယ့် စစ်မှုမထမ်းမနေရတွေဟာ
စိတ်ဖိစီးကြပြီး အချင်းချင်းတွေပေါ် ပစ်ခတ်မှုတွေ၊ လက်နက်နဲ့ တပ်ပြေးမှုတွေ
ဖြစ်ခဲ့ဖူးတာတွေတော့ ရှိပါတယ်။
မြောက်ကိုရီးယားနဲ့ စစ်အင်အားချင်းယှဉ်ဖို့ အရွယ်ရောက်ပြီး
ကျန်းမာသန်စွမ်းတဲ့ တောင်ကိုရီးယား အမျိုးသားအားလုံး စစ်မှု မထမ်းမနေရ ၂
နှစ် စစ်မှုထမ်းကြရပါတယ်။
တောင်နဲ့မြောက်ကိုရီးယားနှစ်နိုင်ငံဟာ ၁၉၅၀ ကနေ ၁၉၅၃ ခုနှစ်အထိ
အကြီးအကျယ် စစ်ဖြစ်ပွားခဲ့ဖူးပြီး အပစ်အခတ်ရပ်စဲရေးစာချုပ်နဲ့ပဲ
စစ်ပြေငြိမ်းထားတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။
မြောက်ကိုရီးယားက မကြာသေးခင်တုန်းကပဲ
ဒုံးကျည်နဲ့ လက်နက်ကြီးတွေနဲ့ စစ်ရေးပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက်
နှစ်နိုင်ငံအကြား တင်းမာမှုတွေ ဖြစ်ပေါ်နေပြီး မြောက်ကိုရီးယားဖက်က စတင်
ရန်စရင်တော့ လက်တုံ့ပြန် သွားမယ်လို့ တောင်ကိုရီးယားဖက်က
အကြိမ်ကြိမ် ပြောထားပါတယ်။


0 မှတ်ချက်များ for "တပ်ကြပ်ကြီးကိုယ်တိုင် ပစ်သတ်ခဲ့လို့ တောင်ကိုရီးယား ရဲဘော် ၅ ဦးသေ ၇ ဦး ထိခိုက်ဒဏ်ရာရ"