အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ကချင်လူ ထုနှင့် တွေ့ဆုံ
လက်ရှိ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ် သက်ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (NCCT) အဖွဲ့ က မေလ ၁၅ ရက် မြစ်ကြီးနားမြို့ မနောကွင်းမှာ လူထုတွေ့ဆုံ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါ ရှင်းလင်းပွဲမှာ ထောင်နှင့်ချီ တက်ရောက် ခဲ့ကြပြီး လက်က်ရှိ နိုင်ငံရေး၊ ငြိမ်းချမ်းရေး ဖြစ်စဉ် များ၊ အခြား တိုင်းရင်းသားများ စစ်သားအဖြစ် စုဆောင်းခံရသည့် ကိစ္စများကို KIO ဒုတိယ စစ်ဦး စီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ရှင်းလင်းပြောပြခဲ့သည်။
NCCT အဖွဲ့ ခေါင်းဆောင် နိုင်ဟံသာက တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ခေါင်း
ဆောင်းများနှင့် မိတ်ဆက်ပေးပြီး ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်များနှင့် လက်ရှိကြုံတွေ့နေရသော စိန်ခေါ်မှုများအား ကချင်ပြည်သူလူထုတွေကို ရှင်းပြပေးခဲ့သည်။
ရှင်းလင်းပြီးနောက် ပြည်သူလူထု သိလိုသော မးခွန်းများကို ဗိုလ်ချုပ်ဂွမ်မော်၊ NCCT ဒုတိယအဖွဲ့ခေါင်း
ဆောင် ပဒို စောကွယ်ထူးဝင်း၊ ဒုတိယ အဖွဲ့ခေါင်းဆောင် ဆလိုင်းလျန်မှုန်း ဆာခေါင်း၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့(PNLO) မှ ဗိုလ်မှုးကြီး ခွန်ဥက္ကာ၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF ) မှ ဥက္ကဋ္ဌ ရဲဘော်သံခဲ တို့က ဖြေကြားပေးခဲ့သည်။

တိုင်းရင်းသားလူမျိုးပေါင်းစုံ လိုးလာတောင့်တသော ဖက်ဒရယ်ပြည်ထောင်စုကို မြန်မာအစိုးရနှင့် ၎င်း လက်နက်ကိုင်တပ်ဖွဲ့ လက်မခံတဲ့အတွက် တပြည်လုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ် ထိုးနိုင်ရေး ကြိုးပမ်းမှု နှောင့်နေးစေကြောင်း သိရသည်။
ဗိုလ်ချုပ် ဂွမ်မော်က အပိတ် မိန့်ခွန်းပြော၍ နေ့လည် ၁၁ ကျော်တွင် အခမ်းအနား ပြီးဆုံးခဲ့သည်။

0 မှတ်ချက်များ for "အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ကချင်လူ ထုနှင့် တွေ့ဆုံ "