ဗီယက်နမ်နိုင်ငံမှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပိုမိုပြင်းထန်လာ

ဗီယက်နမ်နိုင်ငံမှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြ ပွဲများ နိုင်ငံအနှံ့ ဖြစ်ပွားနေပြီး ဗီယက်နမ်ရှိ ထိုင်ဝမ် သံမဏိစက်ရုံ အဓိကရုဏ်းတွင် တရုတ်အလုပ် သမား တဦး သေဆုံးသွားပါတယ်။

တောင်တရုတ်ပင်လယ်ပြင် အငြင်းပွားနေတဲ့ နယ်
မြေမှာ တရုတ်နိုင်ငံက ရေနံတူးစင် တည်ဆောက်မှု အပေါ် မကျေနပ်တဲ့အတွက် ဗီယက်နမ်နိုင်ငံတ၀ှမ်း တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဖြစ်ပွားရာ နိုင်ငံ အလယ်ပိုင်း Ha Tihn ပြည်နယ်မှာ သေဆုံးသူ ၂၀ ကျော်အထိ ရှိနေပြီဖြစ်ကြောင်း တာဝန်ရှိသူတွေ က ပြောပါတယ်။

တရုတ်ဆန့်ကျင်ရေး ဆန္ဒပြတဲ့ အနေနဲ့ ဗီယက်နမ် အလုပ်သမား ထောင်ပေါင်းများစွာ လုပ်ငန်းခွင်တွေက စွန့်ခွာခဲ့ကြသလို၊ နိုင်ငံခြားကုမ္ပဏီတွေကို တိုက်ခိုက်ဖျက်ဆီးရာမှာ လူပေါင်း ၁၀၀ လောက်လည်း ထိခိုက် ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

ဗီယက်နမ်နိုင်ငံထဲမှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေတာကြောင့် ဗီယက်နမ်နိုင်ငံမှာ ရှိနေတဲ့ တရုတ်နိုင်ငံသားတွေ ကမ္ဘောဒီးယားနိုင်ငံထဲ ထွက်ပြေးနေကြပါတယ်။ 

တောင်ပိုင်း Binh Duong ပြည်နယ်မှာ ထိုင်ဝမ်နဲ့ ကိုရီးယားပိုင် လုပ်ငန်းတချို့ အပါအ၀င် စက်ရုံပေါင်း တဒါဇင်ကျော်ကို လူအုပ်နဲ့ ၀ိုင်းဝန်းပြီး မီးရှို့ဖျက်ဆီး လုယက်မှုတွေ ဖြစ်ပွားခဲ့ပြီး ဗီယက်နမ် လုံထိန်းရဲတွေက အခြေအနေကို ထိန်းသိမ်းနိုင်ဖို့ ကြိုးစားနေတဲ့ တချိန်တည်းမှာပဲ မနေ့တုန်း စက်ရုံတော်တ်ာများများကိုလည်း ပိတ်ထားခဲ့ကြပါတယ်။

ရဲတပ်ဖွဲ့က လူပေါင်း ၂၀၀ ကျော်ကို ဖမ်းဆီးထားကြောင်း သတင်းထုတ်ပြန် ထားပေမဲ့လည်း အခြေအနေဟာ စိတ်မချရသေးဘူးလို့ Binh Duong ပြည်နယ်မှာ ရှိတဲ့ ထိုင်ဝမ်စီးပွားရေး လုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဋ္ဌ ကပြောပါတယ်။

တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ Hua Chunying ကတော့ ဗီယက်နမ်နိုင်ငံက အကြမ်းဖက် မှုတွေနဲ့ ပတ်သက်လို့ အလွန်အမင်း စိုးရိမ်တဲ့အကြောင်းနဲ့ အပြစ်ကျူးလွန်သူတွေကိုလည်း ထိထိရောက်ရောက် အရေးယူဖို့ ဒီကနေ့ပဲ တောင်းဆိုခဲ့ပါတယ်။ 


0 မှတ်ချက်များ for "ဗီယက်နမ်နိုင်ငံမှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပိုမိုပြင်းထန်လာ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++