ဗီယက်နမ်ကန့်ကွက်တဲ့ ရေနံ တူးဖေါ်ရေး စီမံကိန်ကို ဆက်လက် အကောင်ထည်ဖေါ်မည်ဟု တရုတ်ပြော
တရုတ်နိုင်ငံနဲ့ ဗီယက်နမ်တို့ အကြား ပိုင်ဆိုင်မှု အငြင်း ပွားနေတဲ့ တောင်တရုတ် ပင်လယ်ပြင်ထဲရှိ တရုတ်ရဲ့ ရေနံတူးစင်ကို ဆက်လက် ဆောင်ရွက် သွားမယ်လို့ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ရဲ့ ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Fang Fenghui က သူ့ရဲ့ အမေရိကန် ခရီးစဉ်မှာ ပြောကြားလိုက်ပါတယ်။
ကိုယ့်ပိုင်နက်ရေပြင်မှာ တူးဖော်နေတာ ဖြစ်လို့ သမားရိုး ကျ လုပ်ရပ်တစ်ခုပဲ ဖြစ်တယ်လို့ Fang က ပြော ပါတယ်။
ကိုယ့်ပိုင်နက်ရေပြင်မှာ တူးဖော်နေတာ ဖြစ်လို့ သမားရိုး ကျ လုပ်ရပ်တစ်ခုပဲ ဖြစ်တယ်လို့ Fang က ပြော ပါတယ်။
တောင်တရုတ် ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အငြင်း ပွားမှုအပေါ် ဓမ္မဒိဌာန်ကျကျ ရှုမြင်ဖို့ အမေရိကန် အစိုးရ ကို တောင်းဆိုပါတယ်။
အာရှဒေသတွင်း အမေရိကန်ရဲ့ ပတ်သက်မှုတွေ တိုးမြင့်လာနေမှုက ဒေသတွင်း
တင်းမာမှုတွေ ပိုမို ဖြစ် လာစေတယ်လို့လည်း ဗိုလ်ချုပ်ကြီး Fang က
ပြောခဲ့ပါတယ်။
အငြင်းပွားနေတဲ့ တောင်တရုတ် ပင်လယ်ပြင်ထဲရှိ တရုတ်ရဲ့ ရေနံတူးရေး စီမံကိန်းကြောင့် ဗီယက်နမ်နိုင်ငံ မှာ တရုတ် ဆန့်ကျင်ရေး အုံကြွမှုတွေ ပေါ်ပေါက်လာပြီး တရုတ်ပိုင်စီးပွားရေး လုပ်ငန်းတွေနဲ့ တရုတ် လုပ်သားတွေ အပေါ် ပစ်မှတ်ထား တိုက်ခိုက်မှု တွေ ဖြစ်နေ တဲ့ကြားက ဒီလို ပြောဆို လိုက်တာဖြစ်ပါတယ်။


0 မှတ်ချက်များ for "ဗီယက်နမ်ကန့်ကွက်တဲ့ ရေနံ တူးဖေါ်ရေး စီမံကိန်ကို ဆက်လက် အကောင်ထည်ဖေါ်မည်ဟု တရုတ်ပြော"