မိုင်းတွင်း ပေါက်ကွဲမှုကြောင့် တူရကီမှာ သပိတ်ဆင်နွဲ
တူရကီနိုင်ငံမှာ အဆိုးရွားဆုံး မိုင်းတွင်း ပေါက်ကွဲ မှု ဖြစ်ခဲ့တာကို တုံ့ပြန်တဲ့ အလုပ်သမား သမဂ္ဂတွေ က တစ်ရက်ကြာ သပိတ်ဆင်နွဲ နေချိန်မှာ နိုင်ငံ အနောက်ပိုင်း Izmir မြို့မှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြ သူတွေကို ရဲတွေက မျက်ရည်ယို ဗုံးတွေ မီးသတ် ပိုက်တွေနဲ့ ဖြိုခွဲခဲ့ပါတယ်။
ဖမ်းဆီးထားသူတွေကို ပြန်မလွှတ်မချင်း မြို့လယ်မှာ ဆက်နေကြမယ်လို့ ဆန္ဒပြသူ ၅ ထောင်ကျော် က ပြောနေကြပါတယ်။
Istanbul, Diyarbakir နဲ့ တခြား မြို့တွေမှာလည်း အလားတူ ကန့်ကွက် ဆန္ဒပြမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ဆိုမာမြို့က မိုင်းတွင်း ပေါက်ကွဲမှုမှာ သေဆုံးသူ ၂၈၀ ရဲ့ အလောင်းတွေ ရရှိခဲ့ပြီး ၄၅၀ ကျော်ကို ကယ် တင်နိုင်ခဲ့ပြီး နောက်ထပ် ၁၂၀ လောက် အထဲမှာ ပိတ်မိနေတုန်းဖြစ်တယ်လို့ အစိုးရနဲ့ မိုင်းကုမ္ပဏီ အရာရှိတွေက ပြောပါတယ်။

ပေါက်ကွဲမှု ဖြစ်တဲ့နေရာကို သွားခဲ့တဲ့ တူရကီ သမ္မတ Abdullah Gul က ကျန်နေသေးတဲ့ မိုင်းလုပ်သား တစ်ရာကျော်ကို ကယ်ဆယ်ရေး လုပ်သားတွေက ဆက်လက် ရှာဖွေနေတယ်လို့ ပြောပါတယ်။
မကြာသေးခင် နှစ်တွေ အတွင်းက မိုင်းလုပ်ငန်းတွေကို ပုဂ္ဂလိက လုပ်ကိုင်ခွင့် ပေးခဲ့တာကြောင့် မိုင်း လုပ်ငန်း ဘေးအန္တရာယ် ကင်းဝေးရေးမှာ လုပ်ဆောင်မှုတွေ အားနည်းခဲ့တယ်လို့ သမဂ္ဂ ခေါင်းဆောင်
တွေက ပြောကြပါတယ်။

0 မှတ်ချက်များ for "မိုင်းတွင်း ပေါက်ကွဲမှုကြောင့် တူရကီမှာ သပိတ်ဆင်နွဲ"